🔥

spacer

laptop ဝယ်မည့်သူတိုင်း သိသင့်တဲ့ အချက်များ

Laptop ဝယ်မည့်သူတိုင်း သိထားသင့်တဲ့ အချက် (1)
👉 Windows 10
Windows 7 က 14.01.2020 မှာ သက်တမ်းကုန်သွားပြီဖြစ်လို့ Microsoft Office 2019 လို Update Software တွေ သုံးမယ်ဆို
Windows 10 ဖြစ်နေဖို့ လိုပါတယ်။
👉 Windows 10 အသုံးပြုခြင်းက Windows 7 ထက် 30% နီးပါး ပိုမိုမြန်ဆန်စေပါတယ်။
👉 CPU
CPU က တွက်ချက်မှု အပိုင်းကို တာဝန်ယူရပါတယ်။
ကျန်တာတွေ ဘယ်လောက် မြင့်မြင့် CPU Performance နိမ့်ရင် အသုံးမဝင်ပါဘူး။
CPU ကို (6) မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။
Brand, Generation, Numeric Digit, Series, Speed, Turbo Speed ဆိုပြီး ရှိပါတယ်။
တစ်ခု မတူတာနဲ့ Performance မတူပါဘူး။
Core i5 3340M 2.7GHz up to 3.4GHz
Brand - Core i5
Generation - 3lääāq§§ḍqàaax214.18
Numeric Digit - 340
Series - M
Speed - 2.7GHz
Turbo Speed - 3.4GHz
1. Brand ဆိုတာ Celeron, Pentium, Dual Core, Core 2 Duo, i3, i5, i7, i9 ဆိုပြီး ရှိပါတယ်။
Celeron က အနိမ့်ဆုံး ဖြစ်ပြီး i9 က အမြင့်ဆုံးပါ။
2. Series
CPU မှာ Series ရှိပါတယ်။
U, Y Series - Ultra Low Performance
M Series - Medium Performance
H, HK, HQ, QM, MQ, MX - High Performance
(ဈေးကွက်မှာ အများဆုံး တွေ့ရမှာက U Series ပါ။)
3. Speed
ကွန်ပြုတာ တစ်လုံးရဲ့ မြန်နှုန်းကို Speed နဲ့ တိုင်းတာပါတယ်။
Software အမြင့်တွေ သုံးတဲ့ အခါ Speed မြင့်မြင့် တောင်းတက်ပါတယ်။
Speed မြင့်လေ ပိုမြန်လေပါ။
Speed အနေနဲ့ အနိမ့်ဆုံး 1GHz မှ အမြင့်ဆုံး 2.9GHz အထိ ရှိပါတယ်။
👉 ဥပမာ -
AutoCAD 2021 System Requirements
CPU Speed: 2.5-2.9 GHz (Minimum)
CPU Speed: 3+ GHz (Recommend)
👉👉 AutoCAD 2021 ကို အသုံးပြုမယ်ဆို CPU Speed က အနည်းဆုံး 2.5 GHz ရှိရမှာ ဖြစ်ပြီး
3 GHz နှင့် အထက် ရှိရင် ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
4. Turbo Speed
Turbo Speed ဆိုတာ Software အကြီးတွေ အသုံးပြုတဲ့ အခါ စွမ်းဆောင်ရည် မြင့်တက်ပေးတာပါ။
သာမှန် Celeron, Pentium တွေမှာ Turbo Speed မပါဝင်ပါဘူး။
i3 1st Gen ကနေ 7th Gen အထိ Turbo Speed ပါဝင်ခြင်း မရှိပါဘူး။ i3 8th Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်လာပါတယ်။
i5, i7, i9 တွေမှာ 1st Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်ပါတယ်။
Speed တူသော်လည်း Turbo Speed မတူရင် မြန်နှုန်း ကွာပါတယ်။
5. Generation
Generation အရ လက်ရှိ အချိန်မှာ 1st Gen ကနေ 10th Gen အထိ ရှိလာပါပြီ။
Generation တစ်ခု မြင့်လာလေ Performance အနည်းငယ် မြင့်လာပါတယ်။
အပေါ်မှာ ပြောခဲ့သလို Series ကွာရင် Performance အရမ်းကွာပါတယ်။
6. Numeric Digit
Numeric Digit ကို Software တစ်ခု installation ပြုလုပ်ဖို့ System Requirement တောင်းတဲ့ အခါ မြင်တွေ့ရမှာပါ။
ဥပမာ - PES 2016 Game ကို ပြောပြပါ့မယ်။
PES 2016 မှာ System Requirement အရ
Core i3 530 (or) Equivalent Processor လို့ ရေးထားပါတယ်။
530 က Numeric Digit ကို အတိအကျ ဖော်ပြပေးထားတာပါ။
Numeric Digit မတူရင် Performance တူညီမှု မရှိတာကြောင့် Numeric Digit ကွာရင် Performance ကွာပါတယ်။
👉 HDD (or) SSD
SSD အကြောင်း လူမေးများလို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။
SSD အသုံးပြုတဲ့ အခါ
1. Windows အဖွင့်၊ အပိတ် မြန်လာမယ်။
2. Software ဖွင့်တဲ့အခါ loading မြန်လာမယ်။
3. Data အကူး၊ အပြောင်း မြန်လာမယ်။
Celeron သုံးပြီး SSD သုံးရင်ရော Engineering Software, Graphics Design Software အသုံးပြုနိုင်လား။
အပေါ်က SSD ကို ရှင်းပြတဲ့ အတိုင်း (3) မျိုး မြန်လာပါလိမ့်မယ်။
SSD က Read/Write ပိုင်းကို တာဝန်ယူတာဖြစ်လို့ Loading နဲ့ ပတ်သတ်တာ မြန်ပါမယ်။
Celeron နဲ့ SSD အသုံးပြုတဲ့ အခါ
Engineering Software, Graphics Design Software အသုံးပြုတဲ့ အခါ Loading မှာပဲ မြန်ပါလိမ့်မယ်။ ကျန်တဲ့ Processing အပိုင်းမှာ မြန်ဆန်မှု မရှိပါဘူး။
Engineering Software, Graphics Design Software တွေက Processing အပိုင်းကို အသုံးပြုတာ ဖြစ်လို့ CPU, Graphics မြင့်မှ ကောင်းကောင်း အသုံးပြုနိုင်တာပါ။
Laptop ဝယ်မည့်သူတိုင်း သိထားသင့်တဲ့ အချက် (2) ကို နောက်နေ့မှာ ဖော်ပြပေးသွားပါမယ်။
Credit…
spacer