အသင်းတော် တိုသည် ဝန်ခံကြ သော ပဋိညာဉ်ဆယ်ပါး။ အသင်းတော်တို့ ဝန်ခံ ကြသောနည်းငါးပါး။

အသင်းတော် တိုသည် ဝန်ခံကြ သော ပဋိညာဉ်ဆယ်ပါး။

1. ငါတို့သည် သခင်ယေရှုခရစ်ကို ယုံကြည်၍ ခမည်းတော်၊ သားတော် ၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမတော် ၌ နှစ်ခြင်းမင်္ဂလာကို ခံသောသူဖြစ်၍ အသီးသီး အလွတ်အလပ်မနေ၊ ၊ ယောက်တခြားစီ ကိုးကွယ်ခြင်းကိုသာ ပြုမည်မဟုတ် ၊ အချင်းချင်း အပေါင်း အသင်းဖွဲ့၍ အသင်းတော်ပြုရသောဝတ်ကို အမြဲပြုပါမည်ဟု ကတိထားကြ၏ ။
2. ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ငါတို့အား ဟောပြော၍ ၊ ငါတို့ကို အုပ်သောသူတို့၏စကားနှင့်၊ အသင်းတော်၏ စကားကို နားထောင်၍ သခင်ဘုရားကို ခန့်ငြားသော အားဖြင့်၊ အချင်းချင်း တယောက်အောက် တယောက် ကိုယ်ကိုနှိမ့်ချလျက် နေ ပါမည်ဟု ကတိထားကြ၏။ 3. ခုနှစ်ရက်တွင်ပထမနေ့ရက်ရောက်သော် အလုပ်လုပ်ခြင်း၊ လောကီ၌ ပျော်မွေ့ ခြင်း၊ရောင်းဝယ်ခြင်း အမှုတို့ကိုရှောင်၍ ၊ ကိုးကွယ်ခြင်း အမှုတို့ကိုပြုခြင်းငှာ နှစ်ခါစည်းဝေးပါမည်ဟူ၍လည်းကောင်း၊ အသင်းတော်ချိန်းချက်သော အချိန်ရောက်သောအခါ၊ မုန့်စပျစ်ရည် သောက်စားခြင်း မင်္ဂလာကိုခံခြင်း၊အစရှိသော အသင်းတော် အမှုတို့ကို ရွက်ဆောင် ခြင်း ငှာ၊ စည်းဝေးပါမည်ဟူ၍ လည်းကောင်း၊ ကတိထားကြ၏။
4. သင်းဝင်သူချင်း တယောက်ကိုတယောက် မနာလိုသောစိတ် ၊၊ စူသောစိတ် မရှိ၊ ညီအကိုချင်း ချစ်ခြင်းမေတ္တာ၌တည်၍ သူ့အကျိုးကို ကိုယ် အကျိုးကဲ့သို့ မှတ်လျက်၊ တတ်နိုင်သမျှအတိုင်း ကျေးဇူးပြု ပါမည်ဟုကတိထားကြ၏။
5. သင်းဝင်သူတစုံတယောက်သည် ပြစ်မှားလျှင်၊ ငါတို့သည်မဆိုင်သော သူကဲ့သို့ ကြည့်၍မနေ ၊ ကျင်နာသောစိတ်နှင့် သတိပေး၍ ပညတ်တော် ရှိသည်အတိုင်း ဆုံးမပါမည် ဟု ကတိထားကြ၏။6. ပြစ်မှား၍ နောင်တမရ၊ နားမထောင်ပဲနေသော သူတို့ကို လက်မခံ၊ အာပတ် ပေးမည်ဟူ၍လည်းကောင်း၊အထပ်ထပ်နားမထောင်၊ မျှော်လင့်စရာမရှိသောအခါ၊သင်းဝင် သူအရာကိုနှုတ်၍ နှင်ထုတ်ပါမည်ဟူ၍လည်းကောင်း ကတိထားကြ၏။
7. ဓမ္မဆရာတိုအသက်မွေးစေခြင်း၊ ဆင်းရဲသောတပည့်တော်တို့ကိုမစခြင်းအစရှိ သော အသင်းတော်အမှုကိုဆောင်ဖို့ရာ၊အသီးအသီးကောင်းစားသည် အတိုင်း၊ စေတနာစိတ်ရှိ၍ အလှူကိုလှူပါမည်ဟု ကတိထားကြ၏ ။
8. အသင်းတော်သည်တောင်ထိပ် တည်သော မြို့ကဲ့သိုထင်ရှား၍၊ဤလောက၏ အလင်းဖြစ်စေခြင်းငှာ ခန့်ထားတော်မူသည်နှင့်အညီ၊ သူတပါးတို့သည် ငါတို့၏ကောင်း
သောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါတို့အဘ၏ဂုဏ်တော်ကို ချီးမွမ်း စေခြင်းငှာ သူတပါးရှေ့၌ငါတို၏အလင်းကို လင်းပါမည်ဟုကတိထားကြ၏။ 9. ကိုယ်သားသမီးအဆွေအမျိုးအသိအကျွမ်းရှိသမျှတို့သည် တပည့်တော် အဖြစ် သို့ ရောက်ရမည်အကြောင်းနှင့်၊ သခင်ယေရှုခရစ်၏ အမှုတော်ကိုဆောင်၍ နိုင်ငံတော်ကို ကျယ်ဝန်းစေမည်အကြောင်း၊ အစဉ်အမြဲကြိုးစားအားထုတ်ပါမည်ဟု ကတိထားကြ၏။
10. သမ္မာကျမ်းစာ၌ပါသမျှသော ပညတ်တော်တို့ကိုစောင့်ရှောက်၍ ဖြောင့်မတ် သောအကျင်၊ လျှောက်ပတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက်ဖွယ် သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတပါးပါး ၊ ကောင်း သောသတင်းတပါးပါးနှင့် ဆိုင်သောအကျင့်ကို လည်းကောင်း၊ နှလုံးသွင်း၍ ကျင့်ခြင်းငှာ အစဉ်အမြဲ ကြိုးစားအားထုတ်ပါမည်ဟု ကတိထားကြ၏။ 






အသင်းတော်တို့ ဝန်ခံ ကြသောနည်းငါးပါး။


1. နေ့တိုင်းနံနက်တခါ၊ညတခါ အသီးသီး တယောက်တည်း ဆုတောင်းရမည်။
2. နေ့တိုင်းနံနက်တခါ၊ ညတခါ၊အိမ်သူအိမ်သားများ စည်းဝေး၍ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းဝတ်ကို အမြဲပြုရမည်။
3. နံနက် စာညစာကိုမစားမီ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကောင်းချီ မင်္ဂလာကိုဆုတောင်းရမည်။
4. ဆိုးသွမ်းသောသူတိုကိုအပေါင်းအဖော်မလုပ်၊ သူတို့ထုံးစံ ဓလေ့သို့ မလိုက် သတိနှင့်ရှောင်ရမည်။
5. သေရည်သေရက်ကို ဆရာသမားမစီရင်ပဲ ကိုယ်အလိုအလျောက် မသောက် မစားသတိနှင့်ရှောင်ရမည်။ 

spacer
spacer
spacer
spacer
spacer