အရင်းအနှီးမရှိသလောက်နဲ့ ဘာအလုပ်တွေလုပ်ကြမလဲ

ရေရှည်မှာ ဝင်ငွေခိုင်ခိုင်မာမာနဲ့ လက်ထဲ စုမိဆောင်းမိလေးရှိထားဖို့ စီးပွားရေးလည်း လုပ်ချင်တယ် ဒါပေမဲ့ အရင်းအနှီး မရှိသေးတာ၊ မထုတ်ချင်တာမျိုးတွေ ရှိကြမှာပါ။ အဲဒီလိုအခြေအနေမျိုးတွေကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ ဒီဆောင်းပါးလေးကိုဖတ်ပြီး အဖြေရှာကြည့်လိုက်ကြရအောင်။
Meritous.jpg

Photo/ Meritous

အရင်းအနှီးမရှိသလောက်လို့ဆိုပေမဲ့ လူရော၊ အချိန်ရော၊ တခြားလိုတာလေးတွေတော့ ရှိမှာဖြစ်တာကိုတော့ ဦးစွာပြောထားပါရစေ။ အခုလို ကမ္ဘာတစ်ဝှမ်းလုံး ငွေရေးကြေးရေး ကျပ်တည်းနေတဲ့အချိန်ဆိုတော့ အားလုံးလည်း လုပ်ငန်းလုပ်ချင်ကြမှာပါပဲ။ ဒါဆိုရင် အဓိက လိုရင်းအကြောင်းအရာကိုပဲ သွားလိုက်ရအောင်လား။

📌 Blog နဲ့ Vlog

Blog ဆိုတဲ့ အင်တာနက်ပေါ်မှာ စာရေးတာဖြစ်ပြီး၊ Vlog ကတော့ Video တင်တာပါ။ Food Review Website တို့၊ Travel Blogger လုပ်တာမျိုး၊ Movie Review ရေးတာမျိုးကို Blog လို့ခေါ်ပါတယ်။ Game Stream တာတွေ၊ YouTuber လုပ်တာတွေကတော့ Vlog ပေါ့။ Entertainment ခေတ်ကြီးဆိုတော့ Blogger ၊ Vlogger တွေထဲ ချမ်းသာသွားတာတွေ အများကြီးပါပဲ။ အိုင်ဒီယာသေးသေးလေးကနေ စပြီး ရေပန်းစားသွားနိုင်ပါတယ်။ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။

Photo/ WebHosting

📌 Programming

Work From Home လုပ်လို့ရတဲ့ အလုပ်တွေထဲ Programming က ထိပ်တန်းပါပဲ။ Coding ရေးမယ်၊ Website ဆွဲမယ်၊ ဂိမ်းတွေ၊ App တွေ ဖန်တီးမယ် အစရှိတာတွေကို အင်တာနက်နဲ့၊ ကွန်ပြူတာရှိရင် လုပ်လို့ရပါပြီ။ နှစ်တွေနဲ့ချီပြီး လေ့လာရမှာကတော့ ရှိပါတယ်။ နိုင်ငံခြားအလုပ် ရနိုင်ချေများတာကလည်း Programming ပါပဲ။ ဒေါ်လာနဲ့ပေးတဲ့အလုပ်တွေရချင်ရင် Programming ကို ဆရာကြီးဖြစ်အောင် လေ့လာလိုက်ပါ။

📌 ဆရာလုပ်ခြင်း

ဘာသာစကား၊ ပညာရပ်တွေကို ဆရာပြန်လုပ်ပါ။ အခုက အရင်ခေတ်လို အခန်းရှိမှ စာသင်လို့ရတာမဟုတ်ပါဘူး။ Internet Platform တွေကနေ သင်ကြားလို့ရပါတယ်။ စာသင်တာကလည်း မြတ်သောအလုပ်ပါပဲ။ တစ်ခုရှိတာကတော့ သူများကိုသင်ရမှာဖြစ်တာကြောင့် ကိုယ့်ဘက်ကလည်း ဘာသာရပ်တွေကို သေချ်ကျွမ်းကျင်ထားဖို့တော့ လိုမှာပေါ့နော်။ မဟုတ်ရင် မှားတာတွေသင်ပေးမိပြီး သူများကို ပညာအမှားတွေပေးမိမှာပါ။ အချိန်တွေရင်းနှီးဖို့ လိုပါတယ်။

Photo/ Faculty Factor

📌 Freelancer လုပ်ခြင်း

Freelancer လောကမှာတော့ အဓိကက စာရေးပေးတာမျိုး၊ ပုံဆွဲပေးတာမျိုး၊ Video Edit ပေးတာမျိုးပေါ့။ ကိုယ့်ဖန်တီးနိုင်စွမ်းနဲ့ အချိန်ပေးနိုင်ရင် စီးပွားရေးလုပ်လို့ရပါတယ်။ အဓိက အရေးကြီးတာကတော့ Networking လို့ခေါ်တဲ့ အဲဒီနယ်ပယ်အတွင်း အသိအကျွမ်းတွေ ရှိထားဖို့ပါပဲ။ ဒါမှလည်း အချင်းချင်းကူညီရင်း အလုပ်ရမှာပေါ့။ Freelancer လုပ်ရင်းနဲ့ လည်လည်ဝယ်ဝယ်ဖြစ်လာရင် လူစုပြီး Freelancer ကုမ္ပဏီတောင် ထောင်လို့ရပါတယ်။

📌 လက်မှုပညာ

သိုးမွေးထိုးတာမျိုး၊ ရွှံ့ဆေးအရုပ်ဖော်တာမျိုး၊ အင်္ကျီချုပ်တာမျိုးက အရင်းအနှီးနည်းနည်းနဲ့ စလို့ရပါတယ်။ ကိုယ်တိုင်လည်း ဝါသနာပါရင် ပိုကောင်းတာပေါ့။ ဖန်တီးနိုင်စွမ်းနဲ့ ကံနဲ့ ပေါင်းစပ်သွားရင် စီးပွားရေး ဖြစ်ထွန်းမှာပါ။ အချိန်နဲ့ လူကတော့ ရင်းနှီးထားဖို့လိုမှာပေါ့။

Photo/ Primrose Schools

📌 ကလေး (သို့) အိမ်မွေးတိရစ္ဆာန် ထိန်းပေးခြင်း

မိမိမှာ အိမ်ခန်းရှိတယ်ဆိုရင် ဒီအလုပ်အတွက် အဆင်ပြေပါတယ်။ အခုခေတ်မှာ အဖေရော အမေပါ အလုပ်လုပ်ကြတာဆိုတော့ ကလေးထိန်းလိုပါတယ်။ နေ့ကလေးထိန်းစင်တာမျိုးကလည်း ကလေးချစ်တတ်ပြီး၊ တာဝန်ယူမှုရှိရင် စလုပ်လို့ရပါတယ်။ ဒါမှမဟုတ်လည်း ခွေးလေးတွေ၊ ကြောင်လေးတွေ ထိန်းပေးတာမျိုးလည်း အိမ်မှာနေရင်း လုပ်လို့ရပါတယ်။ ဒီအလုပ်မှာ သတိထားရမှာကတော့ ကလေးတွေရော၊ Pet လေးတွေကပါ အသက်ရှိတဲ့ အဖိုးတန်လေးတွေပါ။ နမော်နမဲ့ ထိန်းသိမ်းလို့မရပါဘူး။ ကိုယ့်ဘက်က အပြည့်အဝ တာဝန်ယူနိုင်ပြီဆိုမှ လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဒီအလုပ်တွေက လွယ်လွယ်နဲ့ ရနိုင်မှာတွေတော့ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ငွေအများကြီး မရင်းနှီးချင်တဲ့အတွက် တစ်ခုခုကိုတော့ ပိုကြိုးစားရမှာပါပဲ။ ဒီဆောင်းပါးလေးဖတ်ပြီး အကြံတစ်ခုခု ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်သူတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


Education ပိုင်းကို စိတ်ဝင်စားပြီး Professional Career တစ်ခုကို လှမ်းတက်နိုင်ဖို့ ရည်ရွယ်နေသူတိုင်းအတွက် အရေးပါတဲ့ skills တွေနဲ့ အခွင့်အလမ်းသစ်တွေအကြောင်းကို Learning Story Official Account မှာ Notifications ယူထားပြီး စောင့်မျှော်ဖတ်ရှုနိုင်ပါပြီ!

Share:
spacer

No comments:

Post a Comment

Thank for you suggest.#cmd bot