..........
ကုဋေ ပြီးရင် ဘာလာလဲ။
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။
ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော် -
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။
ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။
ဆယ် = 10
ရာ = 100
ထောင် = 1000
သောင်း = 10000
သိန်း = 100000
သန်း = 1000000
ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။
ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။
ကောဋိ = 1 × 10^14
ပေကာဋိ = 1 × 10^21
ကောဋိပကောဋိ = 1 × 10^28
နဟုတံ = 1 × 10^35
နိန်နဟုတံ = 1 × 10^42
အက်ခဘေိဏီ = 1 × 10^49
ဗိန္ဒု = 1 × 10^56
အဗ္ဗုဒ = 1 × 10^63
နိရဗ္ဗုဒ = 1 × 10^70
အဗဗ = 1 × 10^77
အဋဋ = 1 × 10^84
သောကန္ဓိက = 1 × 10^91
ဥပ်ပလ = 1 × 10^98
ကုမုဒ = 1 × 10^105
ပဒုမ = 1 × 10^112
ပုဏ္ဍရိက = 1 × 10^119
ကထာန = 1 × 10^126
မဟာကထာန = 1 × 10^133
အသေင်္ခ်ျ = 1 × 10^140
ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။
သင်္ချေကြီး (၈)မျိုး
(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။
(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။
(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။
(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။
(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။
(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။
(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။
(8) အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။ခရစ်ဒစ်
အသင်္ချေ ရေတွက်ပုံ
ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။ သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။
တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။
“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )
ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။
ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ
၁ = တစ်ခု
၁၀ = တစ်ဆယ်
၁၀၀ = တစ်ရာ
၁၀၀၀ = တစ်ထောင်
၁၀၀၀၀ = တစ်သောင်း
၁၀၀၀၀၀ = တစ်သိန်း
၁၀၀၀၀၀၀ = တစ်သန်း
၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။
ဥပမာ
၁၀၀၀၀၀၀၀ =တစ် ကုဋေ
၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)
၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး
၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)
စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ
တစ်ကောဋိကို သုည
တစ်လုံး ကပ်သော် ဆယ်ကောဋိ
နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )
သုံးလုံးကပ်သော် ကောဋိတစ်ထောင်
လေးလုံးကပ်သော် ကောဋိတစ်သောင်း
ငါးလုံးကပ်သော် ကောဋိတစ်သိန်း
ခြောက်လုံးကပ်သော် ကောဋိတစ်သန်း
ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)
ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။
ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။
ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။
ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။
ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။
ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။
No comments:
Post a Comment
Thank for you suggest.#cmd bot