တစ်ခါက အဘိုးနဲ့ သူ့မြေးလေးတို့ဟာ သူတို့အိမ်ကလေးကနေ တောင်ကုန်းတစ်ခုဘက်တို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
ခြံဝကနေ လမ်းပေါ်ထွက်ခါနီးမှာ မြေးလုပ်သူက ကျောက်ခဲတစ်လုံးကို ကောက်ပြီး ပန်းအိုးလေးကိုပြစ်လိုက်တယ်တဲ့
အဲ့ဒီကျောက်ခဲက ပန်းအိုးလေးထဲက အလှပန်းပင်ကို
ထိပြီး ပန်းပင်ကလေးထက်ပိုင်းကျိုးသွားပါတယ်..
အဲ့လိုနဲ့ မြေးအဘိုးနှစ်ယောက် တောင်ကုန်းဆီသို့ ဆက်ထွက်ခဲ့ကြတယ်။ တောင်ကုန်းလေဆီ ရောက်တဲ့အခါ သူတို့နှစ်ယောက်ဟာ တောင်ကုန်းလေးရဲ့ထိပ်မှာ ထိုင်ခဲ့ကြတယ်။
အဘိုးက လေကောင်းလေသန့်တွေရှုရင်း ရှု့ခင်းတွေကြည့်နေခဲ့တယ်။ ကလေးကတော့ အိမ်ကထွက်လာတုန်းကလိုပဲ ကျောက်ခဲလေးတွေကောက်ပြီး တောင်ကမ်းစွန်းက အပင်လေးကိုပေါက်တာပေါ့။
ဒါပေမဲ့ တောင်ကမ်းပါးစွန်းက အပင်လေးဟာ ကျောက်ခဲချက်တွေထိပေမဲ့ လေအတိုက်မှာ အလွင့်တလူလူနဲ့ ကျိုးကြမသွားခဲ့ဘူး။
အခဲအကြီးနဲ့ ပစ်ပြန်တော့လည်း ညွှတ်သွားပြီး ပြန်မတ်လာတယ်တဲ့
အဲ့ဒီအခါ ကောင်လေးကအဘိုးကိုပြောတယ်
"ဒီအပင်က ဘာလို့ မလဲတာလဲ" လို့ပေါ့။
အဘိုးဖြစ်သူက သူ့မြေးကို ကြည့်ပြီးပြုံးတယ်
"အဲ့ဒီ အပင်လေးကို ကြည့် ငါ့မြေး..."သူတို့မှာ တယုတယနဲ့ ပြုစုမဲ့သူရှိလား? ဒါမှမဟုတ် သူနွမ်းပါးနေတဲ့အခါ ရေလောင်းပေးမဲ့သူရှိလား?
မြေးလုပ်သူက မရှိပါဘူးအဘိုး.. လို့ ပြန်ဖြေလိုက်တယ်
ဟုတ်တယ် သူတို့ကို ပြုစု ကာကွယ်ပေးမဲ့သူ မရှိဘူး ငါ့မြေး။ ကျောက်ဆောင်တွေပြိုကျတဲ့ အခါ သူ့အမြစ်နဲ့သူ ပြိုကျတဲ့ထဲမပါအောင် ကုပ်တွယ်ရတယ်။ လေတွေထန်တဲ့အခါ အရွက်တွေနဲ့ ကာကွယ်ပြီး လဲပြိုမသွားဖို့ အန်တုရတယ်။ သူက သူ့ကိုသူ ကာကွယ်ရတယ်။ သူ့ကိုတိုက်ခိုက်လာတဲ့ အရာတွေကို အန်တုရတယ်။
အိမ်က ပန်းပင်လေးနဲ့တူလား
"မတူဘူး အဘိုး"
မြေးက ပြန်ဖြေတယ်
အဲ့ဒီအခါ အဘိုးက သူ့မြေးလေး ခေါင်းကိုပွတ်ရင်း..
ငါ့မြေး.. လောကကြီးမှာ အိမ်က အလှသစ်ပင်လေးလိုပဲ သေချာပြုစု ယုယပြီး ပိုးဖယ်ပေးမဲ့သူနဲ့ ရေလောင်းပေးမဲ့သူနဲ့ ဒဏ်ရာတွေ ကင်းနေတဲ့သစ်ပင်ဟာ ဒဏ်ချက်တစ်ခု ဖြစ်လိုက်ရုံနဲ့ ပြိုလဲလွယ်တယ်။
ကိုယ့်ဘာသာ ဒဏ်ရာတွေကိုရင်ဆိုင်ပြီး သန်မာအောင်မလုပ်ထားသူက ပြိုလဲလွယ်တယ်။ ကျဆုံးလွယ်တယ်။
ငါ့မြေး.. လောကကြီးမှာ ရှင်သန်တဲ့အခါ ကိုယ့်အားကို ကိုးပါ။..
အမာရွတ်တွေဟာ
ဒဏ်ရာတွေကို အောင်နိုင်ခြင်းရဲ့ သင်္ကေတ
သန်မာခြင်းဟာ ပြိုလဲခြင်းတွေကို
အနိုင်ယူြခင်းရဲ့ Signature
No comments:
Post a Comment
Thank for you suggest.#cmd bot