Greatest love come from the Lord

spacer

ကြိုက်တယ် window 7 ဘဲ ခုထိ

spacer

မောင်ကို အရမ်းချစ်တဲ့ ချစ်ဆုံးကြိုက်တဲ့ သီးချင်လေး


မောင်
spacer

Guys from Pauk Gone🤍

spacer

Lyics of At my worst

Can I call you baby?
Can you be my friend?
Can you be my lover up until the very end?
Let me show you love, oh, I don't pretend
Stick by my side even when the world is givin' in, yeah
Oh, oh, oh, don't
Don't you worry
I'll be there, whenever you want me
I need somebody who can love me at my worst
No, I'm not perfect, but I hope you see my worth
'Cause it's only you, nobody new, I put you first
And for you, girl, I swear I'll do the worst
If you stay forever, let me hold your hand
I can fill those places in your heart no else can
Let me show you love, oh, I don't pretend, yeah
I'll be right here, baby, you know I'll sink or swim
Oh, oh, oh, don't
Don't you worry
I'll be there, whenever you want me
I need somebody who can love me at my worst
No, I'm not perfect, but I hope you see my worth, yeah
'Cause it's only you, nobody new, I put you first (put you first)
And for you, girl, I swear I'll do the worst
I need somebody who can love me at my worst
No, I'm not perfect, but I hope you see my worth
'Cause it's only you, nobody new, I put you first
And for you, girl, I swear I'll do the worst
spacer

I did it


spacer

🔥

spacer

laptop ဝယ်မည့်သူတိုင်း သိသင့်တဲ့ အချက်များ

Laptop ဝယ်မည့်သူတိုင်း သိထားသင့်တဲ့ အချက် (1)
👉 Windows 10
Windows 7 က 14.01.2020 မှာ သက်တမ်းကုန်သွားပြီဖြစ်လို့ Microsoft Office 2019 လို Update Software တွေ သုံးမယ်ဆို
Windows 10 ဖြစ်နေဖို့ လိုပါတယ်။
👉 Windows 10 အသုံးပြုခြင်းက Windows 7 ထက် 30% နီးပါး ပိုမိုမြန်ဆန်စေပါတယ်။
👉 CPU
CPU က တွက်ချက်မှု အပိုင်းကို တာဝန်ယူရပါတယ်။
ကျန်တာတွေ ဘယ်လောက် မြင့်မြင့် CPU Performance နိမ့်ရင် အသုံးမဝင်ပါဘူး။
CPU ကို (6) မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။
Brand, Generation, Numeric Digit, Series, Speed, Turbo Speed ဆိုပြီး ရှိပါတယ်။
တစ်ခု မတူတာနဲ့ Performance မတူပါဘူး။
Core i5 3340M 2.7GHz up to 3.4GHz
Brand - Core i5
Generation - 3lääāq§§ḍqàaax214.18
Numeric Digit - 340
Series - M
Speed - 2.7GHz
Turbo Speed - 3.4GHz
1. Brand ဆိုတာ Celeron, Pentium, Dual Core, Core 2 Duo, i3, i5, i7, i9 ဆိုပြီး ရှိပါတယ်။
Celeron က အနိမ့်ဆုံး ဖြစ်ပြီး i9 က အမြင့်ဆုံးပါ။
2. Series
CPU မှာ Series ရှိပါတယ်။
U, Y Series - Ultra Low Performance
M Series - Medium Performance
H, HK, HQ, QM, MQ, MX - High Performance
(ဈေးကွက်မှာ အများဆုံး တွေ့ရမှာက U Series ပါ။)
3. Speed
ကွန်ပြုတာ တစ်လုံးရဲ့ မြန်နှုန်းကို Speed နဲ့ တိုင်းတာပါတယ်။
Software အမြင့်တွေ သုံးတဲ့ အခါ Speed မြင့်မြင့် တောင်းတက်ပါတယ်။
Speed မြင့်လေ ပိုမြန်လေပါ။
Speed အနေနဲ့ အနိမ့်ဆုံး 1GHz မှ အမြင့်ဆုံး 2.9GHz အထိ ရှိပါတယ်။
👉 ဥပမာ -
AutoCAD 2021 System Requirements
CPU Speed: 2.5-2.9 GHz (Minimum)
CPU Speed: 3+ GHz (Recommend)
👉👉 AutoCAD 2021 ကို အသုံးပြုမယ်ဆို CPU Speed က အနည်းဆုံး 2.5 GHz ရှိရမှာ ဖြစ်ပြီး
3 GHz နှင့် အထက် ရှိရင် ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
4. Turbo Speed
Turbo Speed ဆိုတာ Software အကြီးတွေ အသုံးပြုတဲ့ အခါ စွမ်းဆောင်ရည် မြင့်တက်ပေးတာပါ။
သာမှန် Celeron, Pentium တွေမှာ Turbo Speed မပါဝင်ပါဘူး။
i3 1st Gen ကနေ 7th Gen အထိ Turbo Speed ပါဝင်ခြင်း မရှိပါဘူး။ i3 8th Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်လာပါတယ်။
i5, i7, i9 တွေမှာ 1st Gen ကနေ လက်ရှိ 10th Gen အထိ Turbo Speed ပါဝင်ပါတယ်။
Speed တူသော်လည်း Turbo Speed မတူရင် မြန်နှုန်း ကွာပါတယ်။
5. Generation
Generation အရ လက်ရှိ အချိန်မှာ 1st Gen ကနေ 10th Gen အထိ ရှိလာပါပြီ။
Generation တစ်ခု မြင့်လာလေ Performance အနည်းငယ် မြင့်လာပါတယ်။
အပေါ်မှာ ပြောခဲ့သလို Series ကွာရင် Performance အရမ်းကွာပါတယ်။
6. Numeric Digit
Numeric Digit ကို Software တစ်ခု installation ပြုလုပ်ဖို့ System Requirement တောင်းတဲ့ အခါ မြင်တွေ့ရမှာပါ။
ဥပမာ - PES 2016 Game ကို ပြောပြပါ့မယ်။
PES 2016 မှာ System Requirement အရ
Core i3 530 (or) Equivalent Processor လို့ ရေးထားပါတယ်။
530 က Numeric Digit ကို အတိအကျ ဖော်ပြပေးထားတာပါ။
Numeric Digit မတူရင် Performance တူညီမှု မရှိတာကြောင့် Numeric Digit ကွာရင် Performance ကွာပါတယ်။
👉 HDD (or) SSD
SSD အကြောင်း လူမေးများလို့ တစ်ခါတည်း ဖော်ပြပေးလိုက်ပါတယ်။
SSD အသုံးပြုတဲ့ အခါ
1. Windows အဖွင့်၊ အပိတ် မြန်လာမယ်။
2. Software ဖွင့်တဲ့အခါ loading မြန်လာမယ်။
3. Data အကူး၊ အပြောင်း မြန်လာမယ်။
Celeron သုံးပြီး SSD သုံးရင်ရော Engineering Software, Graphics Design Software အသုံးပြုနိုင်လား။
အပေါ်က SSD ကို ရှင်းပြတဲ့ အတိုင်း (3) မျိုး မြန်လာပါလိမ့်မယ်။
SSD က Read/Write ပိုင်းကို တာဝန်ယူတာဖြစ်လို့ Loading နဲ့ ပတ်သတ်တာ မြန်ပါမယ်။
Celeron နဲ့ SSD အသုံးပြုတဲ့ အခါ
Engineering Software, Graphics Design Software အသုံးပြုတဲ့ အခါ Loading မှာပဲ မြန်ပါလိမ့်မယ်။ ကျန်တဲ့ Processing အပိုင်းမှာ မြန်ဆန်မှု မရှိပါဘူး။
Engineering Software, Graphics Design Software တွေက Processing အပိုင်းကို အသုံးပြုတာ ဖြစ်လို့ CPU, Graphics မြင့်မှ ကောင်းကောင်း အသုံးပြုနိုင်တာပါ။
Laptop ဝယ်မည့်သူတိုင်း သိထားသင့်တဲ့ အချက် (2) ကို နောက်နေ့မှာ ဖော်ပြပေးသွားပါမယ်။
Credit…
spacer

Who am I ?

I am just a student.

spacer

What is VPN

VPN ဆိုတာ ဘာလဲ?

VPN ဆိုတာ Virtual private network ကိုအတိုကောက်ခေါ်တာဖြစ်ပါတယ်။

သူ့ကို ကိုယ်ပိုင် Virtual Network လို့ ပြောလို့ရပါတယ်။
VPN ကို အဓိကအားဖြင့် အင်တာနက်ပေါ်မှာ ကိုယ်ယောင်ဖျောက်ချင်တဲ့အခါဖြစ်စေ၊ မိမိနိုင်ငံမှာကန့်သတ်ထားတဲ့အရာတွေကို ကျော်လွှားကြည့်ရှုအသုံးပြုဖို့ဖြစ်စေသုံးကြပါတယ်။

မြန်မာပြည်မှာတော့ VPN ဆိုတာတွေကို 2005, 2006 ခုနှစ်လောက်တည်းက ultrasurf တို့ your freedom တို့နဲ့ စတင်ရင်းနှီးခဲ့ကြပါတယ်။  
အဲဒီအချိန်တုန်းက မြန်မာပြည်မှာ ပိတ်ထားတဲ့ website အလွန်များပါတယ်။ youtube ကြည့်မရပါဘူး၊ blogger ဖတ်မရပါဘူး။ အခြားသော သတင်း website များစွာလည်း အပိတ်ခံထားရပါတယ်။

ဒါတွေကို ကျော်လွှားကြည့်ရှု့ခွင့်ရဖို့  VPN ဆိုတဲ့ software လေးတွေကိုသုံးကြပါတယ်။

VPN အကြောင်းမပြောခင် ကျနော်တို့ ဘာ vpn မှမသုံးပဲနေရင် ကျနော်တို့အကြောင်းဘာတွေကို ISP တွေက သိသလဲ ဆိုတာလေးအရင်ပြောချင်ပါတယ်။ 

ပုံမှန်အားဖြင့်ဆိုရင်တော့ ကိုယ့်ဖုန်း၊ကွန်ပျူတာကနေ အသုံးပြုနေတဲ့ website traffic တွေ search result တွေကို ကျနော်တို့ကို အင်တာနက်ပေးထားတဲ့ ISP ( MPT, Ooredoo, Myanmar net, 5BB,Ananda) စတဲ့ သူတွေက မြင်ရပါတယ်။ သူတို့မြင်ရတဲ့ထဲမှာ ကျနော်တို့ ကြည့်ရှုတဲ့ website လိပ်စာတွေပါပါတယ်။ ကိုယ်သွားကြည့်တဲ့ website လိပ်စာက http နဲ့စတယ် ဆိုလို့ရှိရင် မလုံခြုံတဲ့အတွက် အဲဒီမှာရိုက်ထည့်ခဲ့တဲ့ username ,password ကိုပါမြင်ရပါတယ်။ အကယ်၍ https နဲ့စတာဆိုရင်တော့ ISP ကမြင်ရတာက website လိပ်စာ လောက်ပဲရှိပါတယ်။ နောက်ပြီး torrent က နေဖိုင်တွေဒေါင်းလုဒ်ဆွဲနေရင်လည်း ကိုယ်ဘယ်ကဘာတွေဆွဲနေလဲကိုမြင်ရပါတယ်။ 
Bitcoin transaction တွေကိုလည်း မြင်ရပါတယ်။

VPN တွေကဘာလုပ်လဲ

ကျနော်တို့ က VPN တစ်ခုခုကိုသုံးလိုက်တာနဲ့  ကျနော်တို့ ဆီကထွက်သွားတဲ့ အချက်အလက်တွေက  ပုံမှန် ISP ဆီတန်းမရောက်တော့ပဲ VPN ထဲကိုအရင်ဖြတ်ပါတယ်။ သူတို့ကနေ အချက်အလက်တွေကို ဝှက်လိုက်ပြီးတော့မှ ISP ဆီတစ်ဆင့်ရောက်ပါတယ်။ ISP ကနေထွက်တဲ့ အချက်အလက်တွေက VPN ဆာဗာတွေဆီကိုရောက်ပါတယ်။ VPN ဆာဗာကနေမှတဆင့် ကိုယ်သုံးချင်တဲ့ website ဆီကိုရောက်ပါတယ်။

အဲဒီလိုလုပ်တဲ့အတွက် ကျနော်တို့ က website တစ်ခုခုကိုသွားကြည့်ရင် အဲဒီမှာ website မှာ ကျနော့်ကို မြန်မာကလာကြည့်တယ်လို့မပေါ်တော့ပဲနဲ့ ကျနော်ရွေးလိုက်တဲ့ VPN ဆာဗာရဲ့ တည်နေရာနိုင်ငံကိုပဲ ပြပါတော့တယ်။ အကယ်၍ အင်္ဂါဂြိုဟ်ပေါ်မှာသာ ဆာဗာရှိရင်.. အင်္ဂါဂြိုဟ်ကလာလည်တယ်လို့တောင်ပြဦးမှာ :3( ဒီမှာထက်တော့ပိုအေးချမ်းမှာပဲ)

အကယ်၍ ကျနော်က ဆာဗာကို United States ရွေးလိုက်ရင် ကျနော့်ရဲ့လိပ်စာကလည်း United States ဖြစ်သွားလို့၊  India က ခွင့်ပြုထားတဲ့ website တွေအားလုံးကိုကြည့်ခွင့်ရပါတယ်။အကယ်၍ ကျနော်က VPNကို တရုတ်က ဆာဗာကို ရွေးလိုက်ရင်တော့ သုံးနေကျ website တော်တော်များများ ကြည့်မရဖြစ်သွားပါလိမ့်မယ်

ကြားမှာ ရှိတဲ့ ISP  ကတော့ ကျနော်တို့ VPN ကို ဖွင့်ထားတဲ့အချိန်အတောအတွင်း . ကျနော်တို့ဘယ်သွားဘာကြည့်တယ်။ ဘာလုပ်နေတယ်ဆိုတာကို မြင်ရမှာမဟုတ်ပါဘူး။ သူတို့မြင်နိုင်တာကတော့ ကျနော်တို့ VPN တစ်ခုကို ဘယ်လောက်ကြာကြာ ချိတ်ထားတယ်၊ data ပမာဏ ဘယ်လောက်များများ အဝင်အထွက် ဖြစ်နေတယ်လောက်ကိုပဲ မြင်နိုင်ပါတယ်။

 VPN တွေရဲ့အားနည်းချက်
လူတွေအများကြီးသုံးတဲ့ VPN တစ်ခုဖြစ်ဖို့ အလကားမရပါဘူး။ 
ဆာဗာဖိုးတွေ အကုန်အကျရှိပါတယ်။

free  ရတဲ့ VPN တွေ ကြော်ငြာခနဲ့ အလုပ်လုပ်ကြသူတွေရှိသလို၊ ကိုယ့်ရဲ့အချက်အလက်တွေက သူတို့ဆီကတဆင့် စီးဆင်းတာမို့လို့ သူတို့က ကိုယ်သုံးသမျှကို မှတ်တမ်းယူထားမယ်၊ ပြန်ရောင်းစားကြသူတွေလည်းရှိပါတယ်။
ဒီအချက်တွေကိုတော့ ခေါင်းထဲမှာရှိသင့်ပါတယ်။ ဒါကြောင့် banking app တွေကို Free VPN တွေနဲ့ မသုံးသင့်တာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ free ရတဲ့ service တွေမှာ အင်တာနက်သုံးရတာကြာလာရင်နှေးလေ့ရှိပါတယ်။ အဲဒါကတော့ သူတို့ သတ်မှတ်ထားတဲ့ အခမဲ့ ဒေတာပမာဏပြည့်သွားလို့ နှေးသွားတာဖြစ်နိုင်သလို နောက်တစ်ခုက ကိုယ်လှမ်းချိတ်တဲ့ ဆာဗာမှာ အရမ်းသုံးသူများလို့ ကြပ်နေရင်လည်း ကိုယ် website တွေကြည့်ရအဆင်မပြေဖြစ်တတ်ပါတယ်။ ဒီမှာတော့ vpnတွေ ကို သန်းဂဏန်းရှိတဲ့သူတွေက ဝိုင်းပြုံသုံးကြတဲ့အခါ. လိုင်းကြပ်တာတွေဖြစ်လာတာပါပဲ။

Premium Vpn တွေ ဝယ်သုံးရင်တော့ ဝက်ဆိုက်အားလုံး အထူးသဖြင့် လက်ရှိအချိန်မှာ သက်ဆိုင်ရာမှ လိုက်ပိတ်နေတဲ့ ဖေ့ဘုတ်ကိုမြန်ဆန်ကောင်းမွန်စွာသုံးစွဲနိုင်ပါတယ် KBZ , AYA , CB , KBZ Pay, Wave Money Mobile Banking ကဲ့သို့ Apps များအားလည်း လုံခြုံစိတ်ချရစွာ သုံးနိုင်ပြီး  မိမိ Location အား ဘယ်လိုမှ Trace လိုက်လို့မရပါဘူး။ 
Free ထက် အဆပေါင်းများစွာ လုံခြုံစိတ်ချရပါတယ်

ဖတ်ဖူးရာမှ 
မှတ်သားထားခြင်း
😁😁
spacer