https://fb.watch/pBDSp3Qfbk/?mibextid=Nif5oz

ကွန်ပျူတာ အသုံးမပြုတတ်သေးတဲ့ သူတွေအတွက်အခြေခံကနေ လေ့လာလို့ရအောင်
=====================================
Computer အသုံးအနှုန်း။
Monitor ကို >> (Desktop,Logo,Home page) လို့ခေါ်
မြှားလေးကို >> Pointer လို့ခေါ်
Computer မှာ အသုံးပြုနေတဲ့ Software Application တွေကို Shortcut icon လို့ခေါ်
OS = Operating System (စနစ်တစ်ခုလုံးကို လည်ပတ်စေတဲ့ System)
Computer မှာ Partation (2) ပိုင်းရှိသည်။
(1)Local Disk: (C)
(2)Local Disk: (D) ဆိုပြီး အပိုင်း (2) ရှိသည်။
Local Disk: (C)က Window တင်ကတည်းက ပါလာသောအပိုင်း
ထို့ကြောင့် မိမိရဲ့ အရေးကြီးသော Data များကို Local Disk: (D) ထဲမှာ သိမ်းရန်
Local Disk: (C)ထဲမှာထားမိပါက Window ကျသည်နှင့်တပြိုင်နက် Data အားလုံးပျက်သွားမည်။
Phone တစ်လုံးပြင်မယ်ဆိုရင် Computer မှာ System 32 bit
နဲ့ Window က Window 7 နဲ့မှ ပိုအဆင်ပြေမည်။
Computer ရဲ့ System Type ကို ကြည့်ချင်ရင် My Computer >> R-Click >> Properties ကို နှိပ် Box တတ်လာရင် System Type မှာ System 32 bit (or) 64 bit ကြည်နိူင်။
( Shortcut က < Alt + Enter > )
Mouse အသုံးပြုနည်း
Mouse တစ်ခုတွင် Button Key နှစ်ခု Wheel တစ်ခုပါသည်။
ဘယ်ဘက်က Key ကို Left Click လို့ခေါ်
ညာဘက်က Key ကို Right Click လို့ခေါ်
အလယ်က ဘီးလေးကို Wheel လို့ခေါ်
ဘယ်ဘယ် ခလုတ် နှိပ်ခြင်းကို Single Click (or) Click လို့ခေါ် (Click 1 ချက်)
ညာဘယ် ခလုတ် နှိပ်ခြင်းကို Right Click လို့ခေါ်(Click 1 ချက်)
Click နှစ်ချက် ဆက်တိုက်နှိပ်ခြင်းကို Double Click လို့ခေါ်(Click 2 ချက်)
Select မှတ်ချင်ရင် Single Click (or) Click (Click တစ်ချက်)
Software application တစ်ခုခုကို ဖွင့်ချင်လျှင်/၀င်ချင်လျှင် Double Click (Click နှစ်ချက်)
New Folder ဆောက်နည်း။
My Computer ရဲ့ လွတ်တဲ့နေရာမှာ Right Click >> New >> Folder (or) New Document (or) New World Document , etc….
Software application တစ်ခုခုကို (Rename) နာမည်ပြောင်းနည်း။
မိမိပြောင်းချင်သော Software application လေးကို Select မှတ် ပြီးရင် R-Click >> Rename ကိုနှိပ်ပြီး Name ပြောင်းနိုင်သည်
File / Folder တစ်ခုခုကို ဖျက်နည်း။
မိမိ ဖျက်ချင်သော File / Folder ကို Select မှတ် R-Click >> Delete နဲ့ဖျက်
Computer မှာ Stick (or) Memory Card (or) SD Card ကိုဖြုတ်နည်း။
My Computer ကိုဖွင့် Stick (or) SD Card ကို Select မှတ် >> R-Click >> Eject ကိုနှိပ်ပြီးဖြုတ်နိုင်။
Computer မှာ Have Disk တတ်ထားပြီး ဖြုတ်နည်း။
Computer အောက်ခြေတွင် ရှိသော TaskBar ပေါ်ရှိ Up arrow icon ကို တစ်ချက်နှိပ် ပြီးရင် USB ခေါင်းပုံစံ ကို Click တစ်ချက်နှိပ် Eject နဲ့ဖြုတ်။
Copy / Paste လုပ်နည်း (4) နည်းရှိသည်။
(1)Simple Copy ကူးနည်း။
မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ် >> R-Click >> Copy ကိုနှိပ်။
ပြီးရင် မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) တွင် R-Click >> Paste ကိုနှိပ်။
(2) ဖိဆွဲပြီး Copy ကူးနည်း။
မိမိ Copy ကူးချင်သော Photo , Video , Music , Application ,etc…. ကို Select မှတ်
မိမိထားချင်သောနေရာ (e.g Desktop,Lacal Disk:D,Stick,SD Card,Have Disk) Drag and Drop ဖိဆွဲပါ။
Partation မတူရင် Copy ဖြစ်
Partation တူရင် Cut ဖြစ်သွားသည်။
(3) Shortcut သုံးပြီး Copy ကူးနည်း။
မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc…… ကို Select မှတ် ပြီးရင် Ctrl + C ကိုနှိပ်။
ပြီးရင် မိမိ ထားချင်သော (e.g Desktop,Local Disk: D,Have Disk,etc…… နေရာတွင် Ctrl + V နှိပ်။
Cut နဲ့ ကူးချင်ရင် Ctrl + X
Paste လုပ်ချင်ရင် Ctrl + V
(4) Send To နဲ့ Copy ကူးနည်း။
မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc……
ကို Select မှတ် R-Click >> Send to နဲ့ မိမိ ပို့ချင်သော partation ကို ရွေးပြီးပို့။
Cut နဲ့ ကူးနည်း။
မိမိ Copy ကူးချင်သော Photo,Video,Music,File,Folder,etc….. ကို Select မှတ် R-Click >> Cut
မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk:D,Have Disk,etc……) တွင် R-Click >> Paste
Copy = ပွားယူခြင်း။
Cut = အပြီးကူးခြင်း/အပြီးရွေ့ခြင်း။
ကျော်မှတ်ချင်ရင် Ctrl Key ကိုဖိနှိပ်။
တစ်ဆက်ထဲမှတ်ချင်ရင် Shift Key ကိုဖိနှိပ်။
File / Folder ခွဲနည်း။
File Name ပါပြီး File Extension မပါတာကို Folder လို့သတ်မှတ်။
File Name ပါပြီး File Extension ပါတာကို File လို့သတ်မှတ်။
File Name ရဲ့ နောက်မှာ (.zip,.rar) နဲ့ ဆုံးရင် zip file (or) rar file လို့ သတ်မှတ်။
zip File / rar File မှန်ရင် zip/rar ဖြည်ရမည်။
File extension ဖော်နည်း။
Organize >> Folder and Search Options >> View Tab >> Hide extension for known file type ကို အမှန်ခြစ်ဖြုတ် Apply >> Ok
Shortcut < Alt + T + O >
Zip file / Rar file ဖြည်နည်း။
Zip file / Rar file ဖြည်နည်း (4) နည်းရှိသည်။
Extract files
Extract Here
Extract to
Extract each
Extract File (Location တောင်းဖြည်ခြင်း။)
မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract file ကိုနှိပ်။
Box တတ်လာရင် မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk D,Have Disk,etc…..) ရွေး ပြီးရင် Ok ကိုနှိပ်။
Extract file ရဲ့ အကျိုးသက်ရောက်မှုက Zip ချုပ်ထားတဲ့ အတိုင်း ဖြည်ပေးသည်။
Extract Here ( ဒီနေရာမှာပဲဖြည်ပေးသည်။)
မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract Here ကိုနှိပ်။
Extract Here ရဲ့ အကျိုးသက်ရောက်မှုက Extract file လိုပဲ Zip ချုပ်ထားတဲ့ အတိုင်းဖြည်ပေးသည်
Extract To ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။)
မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract to ကိုနှိပ်။
Extract to ရဲ့ အကျိုးသက်ရောက်မှု က Zip ဖြည်ရင် Folder လိုက်ပဲဖြည်သည်။
Extract each ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။) (တစ်ခုထက် ပိုပြီး ဖြည်ချင်ရင် သုံး။)
မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract each ကို နှိပ်။
(တစ်ခုထက်ပိုပြီး ဖြည်ချင်မှသုံးသည်)
Zip file / Rar file ချုပ်နည်း။
Zip file / Rar file ချုပ်နည်း (2) နည်းရှိသည်။
(1) Add to archive နဲ့ချုပ်နည်း။
မိမိ ချုပ်ချင်သော File / Folder ကို Select မှတ်။
R-Click >> Add to archive ကိုနှိပ်။
Box တတ်လာရင် Zip/Rar စိတ်ကြိုက်ရွေးချုပ်နိုင်သည်။
ပြီးရင် OK ကိုနှိပ်။
(2) Add to Name .rar နဲ့ချုပ်နည်း။
မိမိ ချုပ်ချင်သော File/Folder ကို Select မှတ်။
R-Click >> Add to Name .rar နဲ့ချုပ်။
Computer မှာ Software များ Install / Uninstall လုပ်နည်း။
Install လုပ်နည်း။
မိမိ Install လုပ်ချင်သော Software ကို Select မှတ် Double Click ခေါက်ပြီး Run ပါ။
( Computer မှာ (Yes) (or) (No) Box ) တတ်လာရင် (Yes) ကိုနှိပ် ( Computer မှာ (OK) (or) (Cencle) Box တတ်လာရင် (OK) ကိုနှိပ်
ပြီးရင် Next နဲ့ဆက်သွား ပြီးရင် Finish ကိုနှိပ်။ ( ချွင်းချက်။ ။ Software တစ်ခုနှင့်တစ်ခု မတူ)
Uninstall လုပ်နည်း။
My Computer ကိုဖွင့် Uninstall (or) Change a program ကိုနှိပ်။ ပြီးရင် မိမိ Uninstall လုပ်ချင်သော Software ကို Select မှတ် Uninstall ကိုနှိပ်
( Software ကို Double Click ခေါက်လဲရ)
Shortcut
My Computer = Window + E
New Window = Ctrl + N
Close Window = Ctrl + W
Close Window = Alt + F4 (or) Alt + Space + C
Window Minimize = Window + Down arrow
Window Maximize = Window + Up arrow
Window Left = Window + Left arrow
Window Right = Window + Right arrow
Window Hide = Window + D
Window Hide = Window + M
Lock = Window + L
Window Style (3D) = Window + Tab
Window Style (Simple) = Alt + Tab
Properties = Alt + Enter
Back = Backspace
Copy = Ctrl + C
Cut = Ctrl + X
Paste = Ctrl + V
Select All = Ctrl + A
Print = Ctrl + P
File Open = Ctrl + O
Save = Ctrl + S
ကျော်မှတ်ချင်ရင် = Ctrl Key ဖိ
တစ်ဆက်တည်းမှတ်ချင်ရင် = Shift Key ဖိ
Select မှတ်ချင်ရင် = Spacebar
နေရာရွေးချင်ရင် = Tab Key
၀င်ချင်ရင်/ဖွင့်ချင်ရင် = Enter Key
ဖျက်ချင်ရင် = Shift + Delete (or) Delete
Stop = Esc
New Tab = Ctrl + T
Close Tab = Ctrl + W
New Window = Ctrl + N
Close Window = Alt + F4
ရှေ့သို့ ရွေ့ချင်ရင် = Ctrl + Tab
နောက်သို့ ပြန်ရွေ့ချင်ရင် = Ctrl + Shift + Tab
www. …… .com = Ctrl + Enter
www. …… .net = Shift + Enter
www. …… .org = Ctrl + Shift + Enter
Computer Shutdown = Alt + F4 + Enter
Computer Shutdown = Window + Right arrow + Enter
Computer မှာ Software တစ်ခုခု error တတ်ရင်
Computer ရဲ့ အောက် bar မှာ R-Click >> Start Task Manager ကို နှိပ် Box တတ်လာရင် Application နဲ့ Processes မှာ End Task (or) End Process လုပ်ပေး။
Unit
1024Byte = 1Kilobyte (1KB)
1024KB = 1Megabyte (1MB)
1024MB = 1 Gagabyte (1GB)
1024GB = 1 Terabyte (1TB)
e.g >> 1000MB = 1GB
1000GB = 1TB

ခေါင်းဆောင်ဆိုတာ
===============
လူတွေက အမြဲ မေးကြပါတယ်။
ခေါင်းဆောင်ဆိုတာ ဘာလဲ။
ပုံထဲမှာပါတဲ့ ဝံပုလွေ အုပ်စုကို ကြည့် ကြည့်ပါ။
အရှေ့ဆုံးမှာ ၃ ကောင်။
အဲဒီ ၃ ကောင်က အုပ်စုထဲမှာ အသက်ရွယ် အိုမင်းပြီးတော့ နာမကျန်းဖြစ်နေကြတဲ့ အကောင်တွေ ဖြစ်ပါတယ်။
သူတို့ကို ရှေ့ဆုံးမှာ ထားရတဲ့အကြောင်းက အုပ်စု အနောက်မှာ မကျန်ခဲ့ဖို့အတွက် ဖြစ်ပါတယ်။
၃ ကောင်ရဲ့ အနောက်က ၅ ကောင် ကတော့ အုပ်စုထဲမှာ အသန်မာဆုံးနဲ့ တိုက်ရည်ခိုက်ရည် အကောင်းဆုံး အကောင်တွေပါ။
သူတို့ရဲ့တာဝန်က တကယ်လို့ အရှေ့ကနေပြီးတော့ တစ်စုံတစ်ခုက အုပ်စုကို တိုက်ခိုက်လာမယ်ဆိုရင် အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။
၅ ကောင်ရဲ့အနောက်က ဝံပုလွေအတန်းကတော့ အုပ်စုထဲမှာပါတဲ့ အစောင့်ရှောက်ခံ အကောင်တွေ ဖြစ်ပါတယ်။
အတန်းရဲ့နောက်က ၅ ကောင်ကတော့ ရှေ့က ၅ ကောင်လိုပဲ အသန်မာဆုံးနဲ့ တိုက်ခိုက်ရည်အကောင်းဆုံး ၅ ကောင် ဖြစ်ပါတယ်။
သူတို့ကတော့ အနောက်က တစ်စုံတစ်ခု ပြဿနာဖြစ်လာရင် ကာကွယ်ပေးဖို့တာဝန် ရှိပါတယ်။
ဟိုးအဝေးမှာရှိနေတဲ့ တစ်ကောင်တည်းသော ဝံပုလွေ ကတော့ သူတို့ရဲ့ခေါင်းဆောင်ပါပဲ။
နောက်မှာ ဘယ်သူမှ မကျန်အောင် သူကနောက်ဆုံးကနေ စောင့်ကြည့်တယ်။
အုပ်စုတစ်ခုလုံးကို လမ်းကြောင်း တစ်ခုတည်းမှာပဲ ရှိနေအောင်လည်း ထိန်းသိမ်းထားတယ်။ သူ့ရဲ့နေရာကနေ အုပ်စုရဲ့ ဘယ်နေရာကိုမဆို အလျင်အမြန်သွားပြီး အုပ်စုတစ်ခုလုံးကို ကာကွယ်နိုင်တယ်။
လူတွေက အမြဲ မေးကြပါတယ်။
ခေါင်းဆောင်ဆိုတာ ဘာလဲ။
တကယ်တော့ အရှေ့ဆုံးမှာ ရှိနေမှ ခေါင်းဆောင် မဟုတ်ပါဘူး။
"အဖွဲ့အစည်းတစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်မှသာ ခေါင်းဆောင်" လို့ ခေါ်ဆိုထိုက်ပါတယ်။
#Credit Original Uploader
ပြန်လည်မျှဝေပါသည်။

ယုန်တစ်ကောင်ငါးကျပ် မစားနဲ့ငါးဆယ်ဖြစ်မှစား
**********************************
တစ်ခါကသားအဖနှစ်ယောက်
အလွန်စည်ကားသော
စျေးကြီးတစ်စျေးအတွင်းသို့
ရောက်ရှိလာသောအခါ
အသက်၁၀နှစ်ခန့်ရှိသားငယ်မှ
အဖေဖြစ်သူအား
ဗိုက်ဆာတယ်အဖေ
ရှေ့မှာယုန်ကင်တွေရောင်းနေတယ်
သားကိုဝယ်ကျွေးပါတဲ့
သား…
တစ်ကောင်ဘယ်လောက်လဲ
သွားမေးလိုက်လို့
အဖေကပြောလိုက်ပါတယ်
အဲ့ဒါနဲ့သားဖြစ်သူလည်း
ယုန်ကင်သည်ကိုသွားမေးတော့
ယုန်တစ်ကောင်ငါးကျပ်လို့
စျေးသည်ကပြန်ပြောပါတယ်
သားဖြစ်သူလည်း
အဖေတစ်ကောင်ငါးကျပ်တဲ့ဗျ
သားကိုဝယ်ကျွေးနော်ဆိုတော့
အေဖက
သူ၏လက်ထဲကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့
တစ်ဆယ်တန်လေးတစ်ရွက်ကို
ကြည့်ရင်း အံကိုကြိတ်ပြီး
သားဖြစ်သူကိုပြောလိုက်ပါတယ်
ယုန်တစ်ကောင်ကိုငါးကျပ်တဲ့လား ?
မစားပါနဲ့အုံးသားရယ်
လာသွားရအောင် သား…
ဗိုက်ဆာနေရင်
အဖေတခြားဟာ
ဝယ်ကျွေးပါ့မယ်လို့ပြောပြီး
သားဖြစ်သူရဲ့လက်ကိုဆွဲပြီး
အဲ့ဒီနေရာကနေ ထွက်လာခဲ့တယ်
ပြီးတော့မှ ဘိန်းမုန့်၂ခုတစ်ကျပ်ဖိုး
သားဖြစ်သူဗိုက်ပြည့်စေဖို့
ဝယ်ကျွေးခဲ့ပါတယ်
ဒီလိုနဲ့
နောင်၁၅နှစ်လောက်ကြာတဲ့အခါ
အဲဒီစျေးကြီးထဲကိုပဲ
သားအဖနှစ်ယောက်
ပြန်ရောက်လာတဲ့အခါ
သားဖြစ်သူက ပူဆာပြန်ပါတယ်
အဖေ
ဟိုမှာယုန်ကင်သည်ရှိသေးတယ်ဗျ
သားကို ယုန်ကင်တစ်ကောင်လောက်
ဝယ်ကျွေးပါဆိုတော့
အေဖက
သားတစ်ကောင်ဘယ်လောက်လဲ ?
သွားမေးချည်ဆိုတော့
လွန်ခဲ့တဲ့ ၁၅နှစ်လောက်က
တစ်ကောင်ငါးကျပ်သာရှိတဲ့ယုန်ကင်ဟာ
အခု တစ်ကောင်ငါးဆယ်ဖြစ်နေပါပြီ
ဟာ... အဖေစျေးကြီးလိုက်တာ
တစ်ကောင်ငါးဆယ်တဲ့ဗျ
ဒီမှာသား
ငါးဆယ်မကလို့ငါးထောင်ဖြစ်နေပါစေ
အခုအချိန်မှာငါ့သားစားချင်ရင်
တစ်ကောင်မဟုတ်ဘူး နှစ်ကောင်စားလို့
အဖေကပြောတဲ့အခါ
သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့
ဟင်! ဟိုတခါ သားစားချင်တယ်ဆိုတော့
အဖေ သားကိုဝယ်မကျွေးပဲ
အခုကြ နှစ်ကောင်တောင်
ဝယ်ကျွေးနေပါ့လားအဖေရ… ဆိုတော့
ဒီမှာသား
ဟိုတခါ အဖေဝယ်မကျွေးခဲ့တာ
အဲဒီတုန်းက
သားအဖနှစ်ယောက်ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာ
အဖေ့လက်ထဲ
တစ်ဆယ်တန်လေးတစ်ရွက်ပဲ
ရှိတယ်ငါ့သား
အဲဒီအချိန်တုန်းက ယုန်တစ်ကောင်ငါးကျပ်
အဖေဝယ်ကျွေးရင်ရနိုင်ပေမဲ့
အဖေ့လက်ထဲမှာ
ကျန်ခဲ့မဲ့ငါးကျပ်တန်တစ်ရွက်က
အဖေတို့သားအဖနှစ်ယောက်
မနက်ဖြန်အတွက်
တကယ်လိုအပ်မဲ့ ဆန်၊ ဆီ၊ ဆား
စတာတွေကို
ဝယ်ဖို့ မလုံလောက်ဘူးသား
အဲ့ဒါကြောင့်
သားကိုဝယ်ကျွေးချင်တဲ့ဆန္ဒကိုချိုးနှိမ်ပြီး
ဘိန်းမုန့်၂ခု တစ်ကျပ်ဖိုးသာ
အဖေဝယ်ကျွေးခဲ့တာပါ
အခုအဖေတို့က
အရင်တုန်းကလိုမဟုတ်တော့ဘူးလေ
အခုအဖေတို့ချမ်းသာနေပြီ
ငါ့သားစားချင်တာ လုပ်ချင်တာမှန်သမျှကို
အခုအချိန်မှာ
အဖေအကုန်လုပ်ပေးနိုင်တယ်ငါ့သားတဲ့
ပုံပြင်လေးကတော့ဒါပါပဲ...
……………………………………………………………
ကျွန်တော်တို့တစ်တွေလည်း
ဘဝကို ကိုယ့်အားကိုယ်ကိုး
ဖြတ်သန်းနေကြတဲ့အချိန်မှာ
လိုချင်တာ.လုပ်ချင်တာ.
ဝတ်ချင်တာ.စားချင်တာမှန်သမျှကို
ပုံပြင်ထဲက အဖေဖြစ်သူလို
ဆန္ဒကို ချိုးနှိမ်ထားရပါမယ်
ကိုယ့်ဘဝရပ်တည်ဖို့
ခက်ခဲနေတဲ့အချိန်မှာ
ပိုက်ဆံရှိချမ်းသာနေတဲ့သူတွေနဲ့ လိုက်ပြီး
တန်းမညှိသင့်ပါဘူး.…
ဥပမာတစ်ခုပြောရရင်
အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့
သူတစ်ယောက်ဟာ
ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီး
စားနိုင်ပါတယ်
အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး
ဝတ်နိုင်ပါတယ်
အဲ့ဒီလိုပဲ
ကျွန်တော်တို့ခင်ဗျားတို့တစ်တွေဟာ
အမြဲတမ်းမဟုတ်ပေမဲ့
အခါအားလျှော်စွာ
သူဌေးတွေလို
ထမင်းတစ်ပွဲ ၁၀,၀၀၀ပေးပြီးစားနိုင်သလို
အင်္ကျီတစ်ထည် ၅၀,၀၀၀ပေးပြီး
လိုက်ဝတ်နိုင်ပါတယ်..
ဒါပေမဲ့ တန်ဘိုးချင်းတူပေမဲ့
ပေးဆပ်ရပုံချင်း မတူပါဘူး …
ပိုက်ဆံချမ်းသာတဲ့သူဌေးတစ်ယောက်ရဲ့
လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းဟာ
မိနစ်ပိုင်းလေးနဲ့ဖြစ်နိုင်ပေမဲ့
ကျွန်တော်တို့တွေရဲ့
လုပ်အားနဲ့ရတဲ့ငွေတစ်သိန်းကတော့
မိနစ်ပိုင်းလေးနဲ့မဖြစ်နိုင်လို့ပါပဲ
နောက်ဆုံးစကားအနေနဲ့
ယုန်တစ်ကောင်ငါးကျပ် မစားနဲ့
ငါးဆယ်ဖြစ်မှစား.. လို့ပြောလိုက်ပါရစေ
Credit: ကြိုက်မိသော စာစုလေးများ စုစည်းမှု

Sign
တစ်ခါက အဘိုးနဲ့ သူ့မြေးလေးတို့ဟာ သူတို့အိမ်ကလေးကနေ တောင်ကုန်းတစ်ခုဘက်တို့ လမ်းလျှောက်ထွက်ခဲ့ကြပါတယ်။
ခြံဝကနေ လမ်းပေါ်ထွက်ခါနီးမှာ မြေးလုပ်သူက ကျောက်ခဲတစ်လုံးကို ကောက်ပြီး ပန်းအိုးလေးကိုပြစ်လိုက်တယ်တဲ့
အဲ့ဒီကျောက်ခဲက ပန်းအိုးလေးထဲက အလှပန်းပင်ကို
ထိပြီး ပန်းပင်ကလေးထက်ပိုင်းကျိုးသွားပါတယ်..
အဲ့လိုနဲ့ မြေးအဘိုးနှစ်ယောက် တောင်ကုန်းဆီသို့ ဆက်ထွက်ခဲ့ကြတယ်။ တောင်ကုန်းလေဆီ ရောက်တဲ့အခါ သူတို့နှစ်ယောက်ဟာ တောင်ကုန်းလေးရဲ့ထိပ်မှာ ထိုင်ခဲ့ကြတယ်။
အဘိုးက လေကောင်းလေသန့်တွေရှုရင်း ရှု့ခင်းတွေကြည့်နေခဲ့တယ်။ ကလေးကတော့ အိမ်ကထွက်လာတုန်းကလိုပဲ ကျောက်ခဲလေးတွေကောက်ပြီး တောင်ကမ်းစွန်းက အပင်လေးကိုပေါက်တာပေါ့။
ဒါပေမဲ့ တောင်ကမ်းပါးစွန်းက အပင်လေးဟာ ကျောက်ခဲချက်တွေထိပေမဲ့ လေအတိုက်မှာ အလွင့်တလူလူနဲ့ ကျိုးကြမသွားခဲ့ဘူး။
အခဲအကြီးနဲ့ ပစ်ပြန်တော့လည်း ညွှတ်သွားပြီး ပြန်မတ်လာတယ်တဲ့
အဲ့ဒီအခါ ကောင်လေးကအဘိုးကိုပြောတယ်
"ဒီအပင်က ဘာလို့ မလဲတာလဲ" လို့ပေါ့။
အဘိုးဖြစ်သူက သူ့မြေးကို ကြည့်ပြီးပြုံးတယ်
"အဲ့ဒီ အပင်လေးကို ကြည့် ငါ့မြေး..."သူတို့မှာ တယုတယနဲ့ ပြုစုမဲ့သူရှိလား? ဒါမှမဟုတ် သူနွမ်းပါးနေတဲ့အခါ ရေလောင်းပေးမဲ့သူရှိလား?
မြေးလုပ်သူက မရှိပါဘူးအဘိုး.. လို့ ပြန်ဖြေလိုက်တယ်
ဟုတ်တယ် သူတို့ကို ပြုစု ကာကွယ်ပေးမဲ့သူ မရှိဘူး ငါ့မြေး။ ကျောက်ဆောင်တွေပြိုကျတဲ့ အခါ သူ့အမြစ်နဲ့သူ ပြိုကျတဲ့ထဲမပါအောင် ကုပ်တွယ်ရတယ်။ လေတွေထန်တဲ့အခါ အရွက်တွေနဲ့ ကာကွယ်ပြီး လဲပြိုမသွားဖို့ အန်တုရတယ်။ သူက သူ့ကိုသူ ကာကွယ်ရတယ်။ သူ့ကိုတိုက်ခိုက်လာတဲ့ အရာတွေကို အန်တုရတယ်။
အိမ်က ပန်းပင်လေးနဲ့တူလား
"မတူဘူး အဘိုး"
မြေးက ပြန်ဖြေတယ်
အဲ့ဒီအခါ အဘိုးက သူ့မြေးလေး ခေါင်းကိုပွတ်ရင်း..
ငါ့မြေး.. လောကကြီးမှာ အိမ်က အလှသစ်ပင်လေးလိုပဲ သေချာပြုစု ယုယပြီး ပိုးဖယ်ပေးမဲ့သူနဲ့ ရေလောင်းပေးမဲ့သူနဲ့ ဒဏ်ရာတွေ ကင်းနေတဲ့သစ်ပင်ဟာ ဒဏ်ချက်တစ်ခု ဖြစ်လိုက်ရုံနဲ့ ပြိုလဲလွယ်တယ်။
ကိုယ့်ဘာသာ ဒဏ်ရာတွေကိုရင်ဆိုင်ပြီး သန်မာအောင်မလုပ်ထားသူက ပြိုလဲလွယ်တယ်။ ကျဆုံးလွယ်တယ်။
ငါ့မြေး.. လောကကြီးမှာ ရှင်သန်တဲ့အခါ ကိုယ့်အားကို ကိုးပါ။..
အမာရွတ်တွေဟာ
ဒဏ်ရာတွေကို အောင်နိုင်ခြင်းရဲ့ သင်္ကေတ
သန်မာခြင်းဟာ ပြိုလဲခြင်းတွေကို
အနိုင်ယူြခင်းရဲ့ Signature

အနောက်က ဆင်ထိန်း က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်
တကယ်တော့ သူတွန်းတင်ဖို့
ကြိုးစားနေတာလဲမဟုတ်ဘူး။
လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့,
မင်းနောက်မှာငါရှိတယ်" ဆိုပြီး အားပေးနေတာ။
လူတယောက်ကိုအားပေးဖို့၊
သူ့နဲ့အတူရပ်ဖို့က သူရင်ဆိုင်နေရတဲ့ပြသနာကို
ဖြေရှင်းနိုင်စွမ်းရှိမှမဟုတ်ဘူး
"မင်းနဲ့အတူ ငါရှိတယ်"
ဆိုတဲ့ခံစားချက်လေးဖန်တီးပေးနိုင်ရင်ပဲ
လုံလောက်ပါပြီ။

ချေး(၃)မျိုးဆောင်....
အိုတောင်မဆင်းရဲဘူး
နွားချေးသည်...အရွက်
ဝက်ချေးသည်.... ဥ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။
နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနှုန်း
နိုက်ထရိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်
ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနှုန်း
နိုက်ထရိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တို့ပါဝင်ပါသည်။
ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထရိုဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်... 1.12.တို့ပါဝင်ပါသည်
ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမဲ့ပစ္စည်းတွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အာဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်
တိရစ္ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်....
နှစ်မျိုးထက်စာရင် တိရစ္ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်....
နွားချေး ၅.အိတ်
ကြက်ချေ. ၅.အိတ်
ဝတ်ချေး ၅.အိတ်
ဖွဲနု ၁.အိတ်
ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ
ငါးအမိုင်နို ၃.လီတာ
သကာရည် ၅.လီတာ
ရေလီတာ ၃၀.ဖြင် ရေပုံးတစ်လုံး
တွင်ထည့်ပြီး သမအောင် ေမွှပေးပါ
ပြီးတဲ့အခါတွင် မြေသြပုံထဲ....
ငါးအမိုင်နိုဖျန်းပေးပြီး သမအောင်
မွှေပေးပါ။ ငါးအမိုင်နိုအရည်
ထပ်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည့်ပြီး တစ်လ တိတိနှပ်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်အောက် မွှေပေးပါ။
တစ်လပြည့်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ
သဘာဝမြေသြဇာ ကီလို ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီလို ရော၍လည်း အသုံးပြုနိုင်ပါသည်။
မျိုးစေ့ဖောက်၍၎င်း....
အလှပန်းအိုးဖြင့်စိုက်၍၎င်း
Hydroponics( ဟိုက်ဒိုပိုနစ် ) မြေမဲ့စိုက်ပျိုးနည်း စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလိုအုန်းဆံမှုန် ၁.ကီလို
မြေပွ ၁.ကီလိုဖြင့်ပန်အိုးထဲတွင်ထည့်ပြီး ဟင်းသီး ဟင်းရွက်ပင်များနှင့် မည်သည့်သီးနှံပင်မဆို
စိုက်ပျိုး အသုံးပြုနိုင်ပါသည်
စပါးစိုက်ပျိုးမည်ဆိုရင် ....
လယ် ၁.ဧက ကို ၃၀၀.ကီလို နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်
သစ်သီးဝလံပင်များဆိုရင်
တစ်ပင်တစ်ကီလို နူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီခို စိုက်ပျိုးနေမည့်အစား
ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝစွန့်ပြစ် ပစ္စည်းများကို
အသုံးချတတ်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုတ်ပါဘူး
ဆိုတာကိုလည်း ပြောပြချင်ပါတယ်
အားလုံးကို ကျေဇူးတင်ပါတယ်....
နိုင်လင်း
Edit : ၁ ကီလိုဟာ ၆၁ ကျပ်သားခန့်နဲ့ညီမျှပါတယ်။
မူရင်းပြုစုရေးသားသူအား Credit ပေးပါသည်...
#လယ်သမား #တောင်သူ #စိုက်ပျိုးရေး
#crd

"Mastering the Art of Sales: Strategies for Success."
Creating a presentation for a salesperson to a good salesperson involves highlighting key points and engaging content that resonates with their expertise. Here are some tips to consider:
Title Slide:
Use a catchy title that captures attention, such as "Mastering the Art of Sales: Strategies for Success."
Introduction:
Introduce yourself and the purpose of the presentation.
Highlight the importance of continuous learning and improvement in sales.
Understanding the Audience:
Acknowledge the expertise of the audience and their experience in sales.
Show that you understand the challenges they face and that the presentation is tailored to their level.
Content:
Include advanced sales techniques and strategies that have proven successful.
Incorporate real-life examples and success stories to make the content relatable and credible.
Address objections and how to overcome them effectively.
Visuals:
Use high-quality visuals such as charts, graphs, and images to support key points.
Incorporate professional design elements to maintain a polished and engaging look.
Engagement:
Encourage audience participation through interactive elements, such as Q&A sessions and polls.
Consider incorporating role-playing activities to demonstrate sales techniques in action.
Takeaways:
Provide actionable takeaways that salespeople can implement immediately.
Offer additional resources for further learning, such as recommended books, podcasts, or training programs.
Q&A:
Dedicate time for questions and answers to address specific challenges or queries from the audience.
Closing:
Summarize the key points and express gratitude for the audience's time and attention.
Provide contact information for further discussions or follow-ups.
By tailoring the presentation to the expertise and experience of the audience, incorporating advanced sales strategies, and engaging them through interactive elements, you can create a compelling presentation for a good salesperson

အင်တာနက်သုံးတာ စိတ်ချရလား မရလား
စာအရှည်ကြီးပါ။ စိတ်ဝင်စားရင် အချိန်ရရင် ဖတ်ဖို့ပါ။ technical term တွေ ပါပါတယ်။
==========
Network
ကွန်ပျူတာတွေ ဖုန်းတွေ အချင်းချင်း ချိတ်ဆက်ထားတာ။ ကြိုးမဲ့ချိတ်တာ ဖြစ်နိုင်တယ်။ ကြိုးနဲ့ ချိတ်တာဖြစ်နိုင်တယ်။ အလင်းမျှင်ကြိုးနဲ့ ချိတ်တာလည်း ဖြစ်နိုင်တယ်။
Local network/Intranet
ကိုယ့်အချင်းချင်း စက်နည်းနည်းပဲ ချိတ်ထားတဲ့ network ။ ဟိုဖက်အခန်းက ကွန်ပျူတာနဲ့ ဒီဖက်အခန်းက ကွန်ပျူတာနဲ့ ချိတ်ထားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ်နဲ့ ချိတ်ထားတာ ဖြစ်နိုင်တယ်။ ကိုယ့်အချင်းချင်းပဲ ရှာလို့ရ၊ ကြည့်လို့ရ။
Internet
ကမ္ဘာအနှံ့မှာ server အကြီးကြီးတွေရှိတယ်။ အဲ့ဒါကြီးတွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ network အကြီးကြီး။ local network ထက် အများကြီး အများကြီး ပိုကြီးတယ်။
ကိုယ့်ရဲ့ဖုန်း ကွန်ပျူတာတွေက အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ မဟုတ်ဘူး။ အဲ့ဒီ server တွေကနေ တဆင့် ချိတ်ဆက်ထားတာ။
Router
အဲ့ဒီလို အဆင့်ဆင့် ချိတ်ဆက်ဖို့အတွက် ကြားထဲကနေ ခံပေးတဲ့စက်တွေ။ အိမ်မှာ wifi စက်ရှိလား။ သူလည်း router တမျိုးပဲ။
Gateway
လောလောဆယ်တော့ အင်တာနက်ကို ထွက်တဲ့အပေါက်လို့ အလွယ်မှတ်ပါ။
ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတယ်ဆိုပါစို့။ ကိုယ့်ဖုန်းကနေ တာဝါတိုင်ကိုရောက်၊ ပြီး နောက်ထပ် router သုံးလေးငါးဆင့်ကိုဖြတ်၊ ပြီးမှ gateway ကိုဖြတ်ပြီး အင်တာနက်နဲ့ ချိတ်တာ။
IP address
network ကို ချိတ်ထားတဲ့ ဖုန်းတိုင်း ကွန်ပျူတာတိုင်းမှာ ip address တခုစီ ရတယ်။ လူတိုင်းမှာဆို ကိုယ်ပိုင် အိမ်လိပ်စာပေါ့။ အချင်းချင်း ဆက်သွယ်ချင်ရင် အဲ့ဒီ ip ကို သုံးပြီး ဆက်သွယ်ရတယ်။ ဥပမာ 192.168.1.5 ပေါ့။ ဒါ ကျွန်တော့် ph ရဲ့ ipပေါ့။
Private IP address
အပေါ်က ကျွန်တော့်ph ရဲ့ ip ကို private IP လို့ ခေါ်တယ်။ local network မှာ ချိတ်ဖို့ပဲ။ ကျွန်တော့်ဖုန်းနဲ့ အိမ်က wifi စက်ကြား ချိတ်ဖို့ပဲ။ ဒီ local network မှာပဲ သုံးဖို့။ ဆိုလိုတာက ခင်ဗျားရဲ့ဖုန်းက private ip ကလည်း ကျွန်တော့်ဖုန်းနဲ့ အတူတူဖြစ်နေနိုင်တယ်။ တူလို့လည်း ဘာမှပြဿနာမရှိ။ network ချင်းမှ မတူတာကိုး။
Public IP address
ကျွန်တော့်ဖုန်းကနေ google server ကို သွားမယ်ဆိုပါတော့။ Google ရဲ့ ip က 172.217.194.113 ။
- ဖုန်း ( 192.168.1.5 ) ကနေ wifi စက် ( 192.168.1.1 )
- အဲ့ဒီကနေ အော်ပရေတာရဲ့ router ( 10.1.10.1 )
- အဲ့ဒီကနေ အော်ပရေတာရဲ့ နောက်ထပ် router ( 10.20.1.1 )
- အဲ့ဒီကနေ gateway ( 203.81.757.11 )
- ကြားထဲအဆင့်ဆင့်ဆက်သွား
- ပြီးမှ google ကိုရောက် ( 172.217.194.113 )
google server ကနေ မြင်ရတာက ဖုန်းတလုံးက ip 203.81.757.11 ကနေ သူ့ဆီ လှမ်းချိတ်နေတယ်လို့ မြင်ရတယ်။ အဲ့ဒါက public ip ဖြစ်လာတယ်။
public ip ရှိတဲ့ server တွေ ဘယ်နားမှာရှိသလဲဆိုတာ အလွယ်တကူ ရှာလို့ရတယ်။ အခုပြောနေကြတဲ့ ip ကြီး ပေါ်နေတယ်တို့ နေရာကြီးပေါ်နေတယ်တို့ဆိုတာ အဲ့ဒါကြီးကိုမြင်ပြီး ပြောနေကြတာ။
ကိုယ့်ဖုန်းရဲ့ နေရာမဟုတ်ဘူး။ ကိုယ့်ဖုန်းက အဆင့်ဆင့်ဖြတ် ဘယ် ip ကနေ အင်တာနက်ကို ထွက်သွားတယ်ဆိုတာရယ် အဲ့ဒီ ip က ဘယ်နားမှာလဲဆိုတာရယ် ပေါ်တာ။ ကိုယ့်ဖုန်းက ဘယ်နားမှာလဲလို့ ပေါ်တာမဟုတ်ဘူး။
နောက်တခုက နိုင်ငံတွင်း အင်တာနက်သုံးနေကြတဲ့သူ သန်းနဲ့ချီရှိတယ်။ သူတို့တွေက public ip နည်းနည်းလေးကို ဝေမျှသုံးနေကြတာ။ ဆိုလိုတာက ကျွန်တော်နဲ့ public ip အတူတူသုံးနေတဲ့သူ သောင်းချီ သိန်းချီ ရှိနေနိုင်တယ်ဆိုတာပဲ။
မြောင်းငယ် ချောင်းငယ်တွေကနေ အဆင့်ဆင့်စီးဆင်းလာတဲ့ရေက နောက်ဆုံး ထွက်ပေါက်တခုကနေ ပင်လယ်ထဲရောက်သွားသလိုပေါ့။ အဲ့ဒီရေတွေ ဘယ်နေရာတွေကနေ မြစ်ဖျားခံလာသလဲဆိုတာက ပြောဖို့အတော်ခက်တယ်။
အဲ့ဒီဒေတာတွေ ဘယ်ကိုသွားနေတာလဲဆိုတာကိုတော့ ကြည့်လို့ရတယ်။ ဥပမာ ဒီဒေတာက ဘလော့တစ်ခု ကိုသွားနေတာ အစရှိသဖြင့်ပေါ့။
==========
Man-in-the-middle Attack
ပြောခဲ့သလို အဆင့်ဆင့် သွားနေလာနေတဲ့ ဒေတာတွေကို အလယ်ကနေ ခိုးပြီး ကြည့်တာ။
Encryption
အဲ့ဒီလို ခိုးကြည့်လို့မရအောင် ဒေတာတွေကို ဒီအတိုင်းမသွားခိုင်းဘဲ encrypt လုပ်ပြီးမှ ပို့တယ်။ hello လို့ မပို့ဘဲ SEFisdfweOI12L လို့ ပို့တယ်။ ပြန်ဖြေတဲ့ key မှန်မှ ဘာရေးထားတာလဲဆိုတာ ကြည့်လို့ရမယ်။ ကြားထဲကလူက ခိုးကြည့်လည်း ဘာမှန်းမသိတာကြီးပဲ ပေါ်နေမှာ။
SSL/TLS
အင်တာနက်ပေါ်က အချက်အလက်တွေကို encrypt လုပ်တဲ့ နည်းပညာတခုလို့ ဆိုပါတော့။ website လိပ်စာတွေမှာ https နဲ့စရင် encrypt လုပ်ပြီးမှ ပို့တဲ့ဟာ။ http လို့ပဲပါရင် encrypt မလုပ်ထား။ ကြားထဲကလူက ခိုးကြည့်လို့ရတယ်။
အခုနောက်ပိုင်းက website အားလုံးနီးပါး https ကို သုံးနေကြပြီ။ http နဲ့ ဝင်ချင်ရင်တောင် ဝင်လို့မရ။
==========
ကိုယ်က facebook သုံးတယ်ဆိုပါစို့။ ကိုယ့်ရဲ့ နာမည်တို့ status တို့က ဒီအတိုင်းကြီး သွားတာမဟုတ်ဘူး။ encrypt လုပ်ပြီးမှ သွားတာ။ အဲ့ဒါကို ပြန်ဖြည်နိုင်တာကလည်း facebook ရယ် ကိုယ့်ဖုန်းရယ်ပဲ ရှိတယ်။ ကြားကလူက ခိုးကြည့်လည်း ဘာမှန်းမသိတာကြီးပဲ မြင်ရမယ်။
ဆိုတော့ တကယ်လို့ ကျွန်တော်ဘယ်နားကနေပြီး facebook သုံးနေတာလဲဆိုတာ သိချင်ရင် ဒီလိုလုပ်ရမယ်။
- gateway ကနေ facebook ကို ဦးတည်သွားနေတဲ့ ဒေတာတွေအကုန်လုံးကို ဖမ်းရမယ်။
- အဲ့ဒီဒေတာတွေကို ဖြည်ရမယ်။ (မဖြစ်နိုင်)
- အဲ့ဒီကနေ ကျွန်တော့်နာမည်ကို ရှာရမယ်။
- ပြီးမှ အဲ့ဒီ data packet လေး ဘယ်ကနေ စထွက်လာတယ်ဆိုတာ ပြန်လိုက်ရမယ်။
ဆိုတော့ gateway မှာ ဘယ်လောက်ပဲထိုင်ထားထိုင်ထား ကျွန်တော်ဘယ်နားကနေ သုံးနေသလဲဆိုတာ ကြည့်လို့မဖြစ်နိုင်။
==========
အပေါ်ကဟာက VPN မခံထားတဲ့ အခြေအနေ။ VPN ခံထားရင် ဘယ်လိုဆက်ဖြစ်မလဲ။
Proxy server
သူကနေတဆင့် အင်တာနက်ကို ချိတ်ပေးနိုင်တဲ့ ဆာဗာ။
ဥပမာ facebook ကို ပိတ်ထားတယ် ဆိုပါစို့။ gateway ကနေ facebook ကိုသွားတဲ့ဟာတွေမှန်သမျှ ဖြတ်ချနေတာ။ ကြည့်မရဘူးပေါ့။
facebook ကို တိုက်ရိုက်မသွားဘဲ proxy ကြားခံလိုက်ရင် အဆင်ပြေသွားရော။ ဒါက facebook ကို သွားတာမှန်း မသိတော့ဘူး။ တခြားနေရာ သွားတယ်ဆိုပြီး လွှတ်ပေးလိုက်ရော။ ပြီး proxy ကနေ facebook ကိုသွား။ ပြန်လာရင်လည်း အဲ့ဒီအတိုင်းပြန်လာ။ facebook သုံးလို့ ရတာပေါ့။
VPN
သူကျ တဆင့်မြင့်သွားပြီ။ ခုနကလို ကြားခံပေးတာပဲ။ အဲ့ဒီအပြင် ကြားထဲက ဒေတာတွေကို encrypt ထပ်လုပ်ပေးတယ်။ အစကတည်းက SSL/TLS နဲ့ encrypt လုပ်ထားပြီးသားနော်။ အဲ့ဒီဒေတာကို ထပ်ပြီး encrypt လုပ်တာ။
VPN ခံသုံးတဲ့အခါ ကိုယ့်ရဲ့ public ip က တခြားနိုင်ငံအနေနဲ့ပေါ်တယ်။ VPN server က တဆင့်ခံ ချိတ်ဆက်ပေးနေတာကိုး။
VPN မခံတာတောင် ကြားထဲက ခိုးကြည့်လို့မရတာဆိုတော့ VPN ခံထားရင် ပိုဆိုးတာပေါ့။ ဒါ့အပြင် ကိုယ်က သူခိုး VPN ကိုမှ သုံးမိလျက်သား ဖြစ်နေရင်တောင် သူတို့တွေ့မှာ encrypt လုပ်ထားတဲ့ ဒေတာတွေပဲ။ စိတ်ချနေရတုန်းပဲ။
==========
DNS (Domain Name Service)
လူတွေက ip address တွေကို ဘယ်မှတ်နိုင်မလဲ။ အဲ့ဒီအစား domain name တွေကို မှတ်ကြတယ်။ ဥပမာ google.com ပေါ့။ google.com ဆိုတာ ip 172.217.194.113 လို့ ပြောင်းပေးအောင်က DNS က လုပ်ပေးတယ်။ ကွန်ပျူတာတွေ ဖုန်းတွေကျ ip ပဲ သိတယ်လေ။
DNS poisoning
တိုက်ခိုက်နည်း တမျိုးပဲ။ ဥပမာ google.com ရဲ့ ip ကို ပြောပေးပါဆိုရင် ကြားထဲက မသမာသူက တခြား ip တခုကို ပြောပေးလိုက်တာမျိုး။ အဲ့ဒီ ip အတိုင်းသွားတော့ google ဆီ မရောက်ဘဲ သူခိုး server ဆီ ရောက်သွားတာမျိုး။ (SSL/TLS မှာတော့ အဲ့ဒီလို လုပ်လို့မရအောင် ပါပြီးသားပါ။)
DNS over TLS
တခါတလေ domain name ကို ip ပြောင်းမရအောင်လုပ်ပြီး ပိတ်ထားတတ်တယ်။ facebook ရဲ့ ip လေးပြောပေးပါဆိုရင် မသိဘူးလုပ်တာမျိုး။ facebook သုံးလို့ မရတော့ဘူးပေါ့။ အဲ့ဒီလိုလုပ်ထားရင် ကျော်လို့ရအာင် နောက်ပြီး အပေါ်ကပြောခဲ့သလို poisoning လုပ်မရအောင် TLS ပေါ်ကနေ လှမ်းခေါ်လို့ရတယ်။ အခု 1.1.1.1 က လုပ်ပေးနေတာ အဲ့ဒါလည်း ပါတယ်။
1.1.1.1 WARP ဆိုတာကျ အဲ့ဒီအပြင် သွားတဲ့ ဒေတာကိုပါ သူတို့ဆာဗာကနေ သွားခိုင်းတယ်။ ဆိုတော့ VPN လိုမျိုးပဲ။ ဒါပေမယ့် VPN အစစ် မဟုတ်ပြန်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ public ip အမှန် သွားပေါ်နေတတ်တာ။
==========
ဆိုတော့ စိတ်ဖြောင့်ဖြောင့်သုံးပါ။ စိတ်ချရပါတယ်။
မသေချာရင် google ခေါက်ပါ။ how internet works တို့ how SSL/TSL works တို့ ခေါက်ကြည့် ဖတ်ကြည့်ပါ။
အဲ့ဒီထက် စိတ်ပါဝင်စားရင် ကိုယ့်ဘာသာကိုယ် hack ဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်အိမ်ထဲမှာပဲ proxy server ထိုင်။ ဖြတ်သွားသမျှ ဒေတာတွေ အကုန်ဖမ်း။ ပြန်ဖော်ကြည့်ပါ။ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကွန်ပျူတာတလုံးနဲ့ လေ့လာချင်စိတ်ရှိရင် လုပ်လို့ရပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ အတော်အန္တရာယ် များပါတယ်။ SSL/TSL ကို သိပ်မသုံးကြသေးပါဘူး။ facebook ဆိုလည်း http နဲ့ပဲ သွားလို့ရနေတုန်းပါ။ session key ခိုးပြီး တခြားသူတွေ အကောင့်ထဲ ဝင်ကြည့်လို့ ရခဲ့ပါတယ်။ အခုကတော့ ၂၀၂၃ ရောက်နေပါပြီ။

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ
..........
ကုဋေ ပြီးရင် ဘာလာလဲ။
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။
ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော် -
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။
ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။
ဆယ် = 10
ရာ = 100
ထောင် = 1000
သောင်း = 10000
သိန်း = 100000
သန်း = 1000000
ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။
ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။
ကောဋိ = 1 × 10^14
ပေကာဋိ = 1 × 10^21
ကောဋိပကောဋိ = 1 × 10^28
နဟုတံ = 1 × 10^35
နိန်နဟုတံ = 1 × 10^42
အက်ခဘေိဏီ = 1 × 10^49
ဗိန္ဒု = 1 × 10^56
အဗ္ဗုဒ = 1 × 10^63
နိရဗ္ဗုဒ = 1 × 10^70
အဗဗ = 1 × 10^77
အဋဋ = 1 × 10^84
သောကန္ဓိက = 1 × 10^91
ဥပ်ပလ = 1 × 10^98
ကုမုဒ = 1 × 10^105
ပဒုမ = 1 × 10^112
ပုဏ္ဍရိက = 1 × 10^119
ကထာန = 1 × 10^126
မဟာကထာန = 1 × 10^133
အသေင်္ခ်ျ = 1 × 10^140
ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။
သင်္ချေကြီး (၈)မျိုး
(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။
(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။
(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။
(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။
(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။
(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။
(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။
(8) အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။ခရစ်ဒစ်
အသင်္ချေ ရေတွက်ပုံ
ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။ သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။
တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။
“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )
ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။
ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ
၁ = တစ်ခု
၁၀ = တစ်ဆယ်
၁၀၀ = တစ်ရာ
၁၀၀၀ = တစ်ထောင်
၁၀၀၀၀ = တစ်သောင်း
၁၀၀၀၀၀ = တစ်သိန်း
၁၀၀၀၀၀၀ = တစ်သန်း
၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။
ဥပမာ
၁၀၀၀၀၀၀၀ =တစ် ကုဋေ
၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)
၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)
၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး
၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)
စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ
တစ်ကောဋိကို သုည
တစ်လုံး ကပ်သော် ဆယ်ကောဋိ
နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )
သုံးလုံးကပ်သော် ကောဋိတစ်ထောင်
လေးလုံးကပ်သော် ကောဋိတစ်သောင်း
ငါးလုံးကပ်သော် ကောဋိတစ်သိန်း
ခြောက်လုံးကပ်သော် ကောဋိတစ်သန်း
ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)
ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။
ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။
ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။
ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။
ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။
ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။
