ချေး(၃)မျိုးဆောင်....
အိုတောင်မဆင်းရဲဘူး

နွားချေးသည်...အရွက်
ဝက်ချေးသည်.... ဥ
ကြက်ချေးသည်.. အသီးအပွင့်
ဆိုတဲ့ ဆိုရိုးစကားလည်းရှိပါတယ်။

နွားချေးသည် n.p.k.အဟာရဓာတ်ပါဝင်မှုနှုန်း
နိုက်ထရိုဂျင် ...1.10
ဖော့ဖရပ် .........0.04
ပိုတက်စီယမ် ....1.60တို့ပါဝင်ပါတယ်

ကြက်ချေးတွင်.n.p.k.အဟာရဓာတ်ပါဝင်မူနှုန်း
နိုက်ထရိုဂျင် ...2.42
ဖော့ဖရပ်..........6.29
ပိုတက်စီယမ်.... 2.11တို့ပါဝင်ပါသည်။

ဝက်ချေးတွင်.n.p.k အဟာရဓာတ်ပါဝင်မှုနူန်း
နိုက်ထရိုဂျင်... 2.69
ဖော့ဖရပ်.........1.84
ပိုတက်စီယမ်... 1.12.တို့ပါဝင်ပါသည်

ကျနော်တို့ သဘာဝမြေသြဇာပြုလုပ်သည်နေရာမှာ ကိုယ်သုံးမဲ့ပစ္စည်းတွင် npk.ပါဝင်မှု့နူန်းကိုသိရင်
အာဟာရဓာတ်ကောင်းကောင်းကို ဖန်တီးယူလို့
ရပါတယ်

တိရစ္ဆာန်ချေး တမျိုးထက် စာရင်
နှစ်မျိုးကပိုကောင်းပါတယ်....
နှစ်မျိုးထက်စာရင် တိရစ္ဆာန်ချေးသုံးမျိုးက
ပိုကောင်းပါတယ်....

နွားချေး ၅.အိတ်

ကြက်ချေ. ၅.အိတ်

ဝတ်ချေး ၅.အိတ်

ဖွဲနု ၁.အိတ်

 ဒါတွေအားလုံးကို
သမအောင် အရင်မွှေပေးပါ

ငါးအမိုင်နို ၃.လီတာ

သကာရည် ၅.လီတာ

ရေလီတာ ၃၀.ဖြင် ရေပုံးတစ်လုံး
တွင်ထည့်ပြီး သမအောင် ေမွှပေးပါ 
ပြီးတဲ့အခါတွင် မြေသြပုံထဲ....
ငါးအမိုင်နိုဖျန်းပေးပြီး သမအောင်
မွှေပေးပါ။ ငါးအမိုင်နိုအရည် 
ထပ်ဖျန်းပေးပါ ရေ အစိုဓာတ် ၆၀.%ရာခိုင်နှုန်းထည့်ပြီး တစ်လ တိတိနှပ်ထားပေးပါ ၇.ရက်တခါ အပြန်အလှန် ထက်အောက် မွှေပေးပါ။
 တစ်လပြည့်ရင် စတင်
အသုံးပြုလို့ရပါပြီး..ခင်ဗျာ

သဘာဝမြေသြဇာ ကီလို ၁၀၀.ဆိုရင် ထရိုင်ကိုဒါမား
တစ်ကီလို ရော၍လည်း အသုံးပြုနိုင်ပါသည်။

မျိုးစေ့ဖောက်၍၎င်း....
အလှပန်းအိုးဖြင့်စိုက်၍၎င်း
 Hydroponics( ဟိုက်ဒိုပိုနစ် ) မြေမဲ့စိုက်ပျိုးနည်း စိုက်ပျိုးချင်သူများအတွက်၎င်း သဘာဝမြေသြဇာ ၁.ကီလိုအုန်းဆံမှုန် ၁.ကီလို
မြေပွ ၁.ကီလိုဖြင့်ပန်အိုးထဲတွင်ထည့်ပြီး ဟင်းသီး ဟင်းရွက်ပင်များနှင့် မည်သည့်သီးနှံပင်မဆို
 စိုက်ပျိုး အသုံးပြုနိုင်ပါသည်

စပါးစိုက်ပျိုးမည်ဆိုရင် ....
လယ် ၁.ဧက ကို ၃၀၀.ကီလို နူန်း
စပါးစိုက်ပျိုးပြီးတစ်ခါ.စပါးနို့ရည်ကြည်
တည်ခါစတစ်ခါအသုံးပြုနိုင်ပါသည်

သစ်သီးဝလံပင်များဆိုရင် 
တစ်ပင်တစ်ကီလို နူန်းဖြင့်
တစ်နှစ်သုံးကြိမ်းအသုံးပြုနိုင်ပါသည်
မိတ်ဆွေးများ..ခင်ဗျာ 
နိုင်ငံခြားဓာတ်မြေသြဇာကို
မှီခို စိုက်ပျိုးနေမည့်အစား
ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့
သဘာဝစွန့်ပြစ် ပစ္စည်းများကို
အသုံးချတတ်ရင် အကြွေးနွံထဲ
နစ်တော့မှာ မဟုတ်ပါဘူး
ဆိုတာကိုလည်း ပြောပြချင်ပါတယ်

အားလုံးကို ကျေဇူးတင်ပါတယ်....

နိုင်လင်း

Edit : ၁ ကီလိုဟာ ၆၁ ကျပ်သားခန့်နဲ့ညီမျှပါတယ်။

မူရင်းပြုစုရေးသားသူအား Credit ပေးပါသည်...

#လယ်သမား #တောင်သူ #စိုက်ပျိုးရေး

#crd
spacer

"Mastering the Art of Sales: Strategies for Success."

Creating a presentation for a salesperson to a good salesperson involves highlighting key points and engaging content that resonates with their expertise. Here are some tips to consider:

Title Slide:

Use a catchy title that captures attention, such as "Mastering the Art of Sales: Strategies for Success."

Introduction:

Introduce yourself and the purpose of the presentation.
Highlight the importance of continuous learning and improvement in sales.

Understanding the Audience:

Acknowledge the expertise of the audience and their experience in sales.
Show that you understand the challenges they face and that the presentation is tailored to their level.

Content:

Include advanced sales techniques and strategies that have proven successful.
Incorporate real-life examples and success stories to make the content relatable and credible.
Address objections and how to overcome them effectively.

Visuals:

Use high-quality visuals such as charts, graphs, and images to support key points.
Incorporate professional design elements to maintain a polished and engaging look.

Engagement:

Encourage audience participation through interactive elements, such as Q&A sessions and polls.
Consider incorporating role-playing activities to demonstrate sales techniques in action.

Takeaways:

Provide actionable takeaways that salespeople can implement immediately.
Offer additional resources for further learning, such as recommended books, podcasts, or training programs.

Q&A:

Dedicate time for questions and answers to address specific challenges or queries from the audience.

Closing:

Summarize the key points and express gratitude for the audience's time and attention.
Provide contact information for further discussions or follow-ups.

By tailoring the presentation to the expertise and experience of the audience, incorporating advanced sales strategies, and engaging them through interactive elements, you can create a compelling presentation for a good salesperson
spacer

အင်တာနက်သုံးတာ စိတ်ချရလား မရလား

စာအရှည်ကြီးပါ။ စိတ်ဝင်စားရင် အချိန်ရရင် ဖတ်ဖို့ပါ။ technical term တွေ ပါပါတယ်။

==========


Network
ကွန်ပျူတာတွေ ဖုန်းတွေ အချင်းချင်း ချိတ်ဆက်ထားတာ။ ကြိုးမဲ့ချိတ်တာ ဖြစ်နိုင်တယ်။ ကြိုးနဲ့ ချိတ်တာဖြစ်နိုင်တယ်။ အလင်းမျှင်ကြိုးနဲ့ ချိတ်တာလည်း ဖြစ်နိုင်တယ်။

Local network/Intranet
ကိုယ့်အချင်းချင်း စက်နည်းနည်းပဲ ချိတ်ထားတဲ့ network ။ ဟိုဖက်အခန်းက ကွန်ပျူတာနဲ့ ဒီဖက်အခန်းက ကွန်ပျူတာနဲ့ ချိတ်ထားတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ်နဲ့ ချိတ်ထားတာ ဖြစ်နိုင်တယ်။ ကိုယ့်အချင်းချင်းပဲ ရှာလို့ရ၊ ကြည့်လို့ရ။

Internet
ကမ္ဘာအနှံ့မှာ server အကြီးကြီးတွေရှိတယ်။ အဲ့ဒါကြီးတွေ အချင်းချင်း ချိတ်ဆက်ထားတဲ့ network အကြီးကြီး။ local network ထက် အများကြီး အများကြီး ပိုကြီးတယ်။

ကိုယ့်ရဲ့ဖုန်း ကွန်ပျူတာတွေက အင်တာနက်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတာ မဟုတ်ဘူး။ အဲ့ဒီ server တွေကနေ တဆင့် ချိတ်ဆက်ထားတာ။

Router
အဲ့ဒီလို အဆင့်ဆင့် ချိတ်ဆက်ဖို့အတွက် ကြားထဲကနေ ခံပေးတဲ့စက်တွေ။ အိမ်မှာ wifi စက်ရှိလား။ သူလည်း router တမျိုးပဲ။

Gateway
လောလောဆယ်တော့ အင်တာနက်ကို ထွက်တဲ့အပေါက်လို့ အလွယ်မှတ်ပါ။

ဖုန်းလိုင်းနဲ့ အင်တာနက်သုံးတယ်ဆိုပါစို့။ ကိုယ့်ဖုန်းကနေ တာဝါတိုင်ကိုရောက်၊ ပြီး နောက်ထပ် router သုံးလေးငါးဆင့်ကိုဖြတ်၊ ပြီးမှ gateway ကိုဖြတ်ပြီး အင်တာနက်နဲ့ ချိတ်တာ။

IP address
network ကို ချိတ်ထားတဲ့ ဖုန်းတိုင်း ကွန်ပျူတာတိုင်းမှာ ip address တခုစီ ရတယ်။ လူတိုင်းမှာဆို ကိုယ်ပိုင် အိမ်လိပ်စာပေါ့။ အချင်းချင်း ဆက်သွယ်ချင်ရင် အဲ့ဒီ ip ကို သုံးပြီး ဆက်သွယ်ရတယ်။ ဥပမာ 192.168.1.5 ပေါ့။ ဒါ ကျွန်တော့် ph ရဲ့ ipပေါ့။

Private IP address
အပေါ်က ကျွန်တော့်ph ရဲ့ ip ကို private IP လို့ ခေါ်တယ်။ local network မှာ ချိတ်ဖို့ပဲ။ ကျွန်တော့်ဖုန်းနဲ့ အိမ်က wifi စက်ကြား ချိတ်ဖို့ပဲ။ ဒီ local network မှာပဲ သုံးဖို့။ ဆိုလိုတာက ခင်ဗျားရဲ့ဖုန်းက private ip ကလည်း ကျွန်တော့်ဖုန်းနဲ့ အတူတူဖြစ်နေနိုင်တယ်။ တူလို့လည်း ဘာမှပြဿနာမရှိ။ network ချင်းမှ မတူတာကိုး။

Public IP address
ကျွန်တော့်ဖုန်းကနေ google server ကို သွားမယ်ဆိုပါတော့။ Google ရဲ့ ip က 172.217.194.113 ။
- ဖုန်း ( 192.168.1.5 ) ကနေ wifi စက် ( 192.168.1.1 )
- အဲ့ဒီကနေ အော်ပရေတာရဲ့ router ( 10.1.10.1 )
- အဲ့ဒီကနေ အော်ပရေတာရဲ့ နောက်ထပ် router ( 10.20.1.1 )
- အဲ့ဒီကနေ gateway ( 203.81.757.11 )
- ကြားထဲအဆင့်ဆင့်ဆက်သွား
- ပြီးမှ google ကိုရောက် ( 172.217.194.113 )

google server ကနေ မြင်ရတာက ဖုန်းတလုံးက ip 203.81.757.11 ကနေ သူ့ဆီ လှမ်းချိတ်နေတယ်လို့ မြင်ရတယ်။ အဲ့ဒါက public ip ဖြစ်လာတယ်။

public ip ရှိတဲ့ server တွေ ဘယ်နားမှာရှိသလဲဆိုတာ အလွယ်တကူ ရှာလို့ရတယ်။ အခုပြောနေကြတဲ့ ip ကြီး ပေါ်နေတယ်တို့ နေရာကြီးပေါ်နေတယ်တို့ဆိုတာ အဲ့ဒါကြီးကိုမြင်ပြီး ပြောနေကြတာ။

ကိုယ့်ဖုန်းရဲ့ နေရာမဟုတ်ဘူး။ ကိုယ့်ဖုန်းက အဆင့်ဆင့်ဖြတ် ဘယ် ip ကနေ အင်တာနက်ကို ထွက်သွားတယ်ဆိုတာရယ် အဲ့ဒီ ip က ဘယ်နားမှာလဲဆိုတာရယ် ပေါ်တာ။ ကိုယ့်ဖုန်းက ဘယ်နားမှာလဲလို့ ပေါ်တာမဟုတ်ဘူး။

နောက်တခုက နိုင်ငံတွင်း အင်တာနက်သုံးနေကြတဲ့သူ သန်းနဲ့ချီရှိတယ်။ သူတို့တွေက public ip နည်းနည်းလေးကို ဝေမျှသုံးနေကြတာ။ ဆိုလိုတာက ကျွန်တော်နဲ့ public ip အတူတူသုံးနေတဲ့သူ သောင်းချီ သိန်းချီ ရှိနေနိုင်တယ်ဆိုတာပဲ။

မြောင်းငယ် ချောင်းငယ်တွေကနေ အဆင့်ဆင့်စီးဆင်းလာတဲ့ရေက နောက်ဆုံး ထွက်ပေါက်တခုကနေ ပင်လယ်ထဲရောက်သွားသလိုပေါ့။ အဲ့ဒီရေတွေ ဘယ်နေရာတွေကနေ မြစ်ဖျားခံလာသလဲဆိုတာက ပြောဖို့အတော်ခက်တယ်။

အဲ့ဒီဒေတာတွေ ဘယ်ကိုသွားနေတာလဲဆိုတာကိုတော့ ကြည့်လို့ရတယ်။ ဥပမာ ဒီဒေတာက ဘလော့တစ်ခု ကိုသွားနေတာ အစရှိသဖြင့်ပေါ့။

==========

Man-in-the-middle Attack
ပြောခဲ့သလို အဆင့်ဆင့် သွားနေလာနေတဲ့ ဒေတာတွေကို အလယ်ကနေ ခိုးပြီး ကြည့်တာ။

Encryption
အဲ့ဒီလို ခိုးကြည့်လို့မရအောင် ဒေတာတွေကို ဒီအတိုင်းမသွားခိုင်းဘဲ encrypt လုပ်ပြီးမှ ပို့တယ်။ hello လို့ မပို့ဘဲ SEFisdfweOI12L လို့ ပို့တယ်။ ပြန်ဖြေတဲ့ key မှန်မှ ဘာရေးထားတာလဲဆိုတာ ကြည့်လို့ရမယ်။ ကြားထဲကလူက ခိုးကြည့်လည်း ဘာမှန်းမသိတာကြီးပဲ ပေါ်နေမှာ။

SSL/TLS
အင်တာနက်ပေါ်က အချက်အလက်တွေကို encrypt လုပ်တဲ့ နည်းပညာတခုလို့ ဆိုပါတော့။ website လိပ်စာတွေမှာ https နဲ့စရင် encrypt လုပ်ပြီးမှ ပို့တဲ့ဟာ။ http လို့ပဲပါရင် encrypt မလုပ်ထား။ ကြားထဲကလူက ခိုးကြည့်လို့ရတယ်။

အခုနောက်ပိုင်းက website အားလုံးနီးပါး https ကို သုံးနေကြပြီ။ http နဲ့ ဝင်ချင်ရင်တောင် ဝင်လို့မရ။

==========

ကိုယ်က facebook သုံးတယ်ဆိုပါစို့။ ကိုယ့်ရဲ့ နာမည်တို့ status တို့က ဒီအတိုင်းကြီး သွားတာမဟုတ်ဘူး။ encrypt လုပ်ပြီးမှ သွားတာ။ အဲ့ဒါကို ပြန်ဖြည်နိုင်တာကလည်း facebook ရယ် ကိုယ့်ဖုန်းရယ်ပဲ ရှိတယ်။ ကြားကလူက ခိုးကြည့်လည်း ဘာမှန်းမသိတာကြီးပဲ မြင်ရမယ်။

ဆိုတော့ တကယ်လို့ ကျွန်တော်ဘယ်နားကနေပြီး facebook သုံးနေတာလဲဆိုတာ သိချင်ရင် ဒီလိုလုပ်ရမယ်။
- gateway ကနေ facebook ကို ဦးတည်သွားနေတဲ့ ဒေတာတွေအကုန်လုံးကို ဖမ်းရမယ်။
- အဲ့ဒီဒေတာတွေကို ဖြည်ရမယ်။ (မဖြစ်နိုင်)
- အဲ့ဒီကနေ ကျွန်တော့်နာမည်ကို ရှာရမယ်။
- ပြီးမှ အဲ့ဒီ data packet လေး ဘယ်ကနေ စထွက်လာတယ်ဆိုတာ ပြန်လိုက်ရမယ်။ 

ဆိုတော့ gateway မှာ ဘယ်လောက်ပဲထိုင်ထားထိုင်ထား ကျွန်တော်ဘယ်နားကနေ သုံးနေသလဲဆိုတာ ကြည့်လို့မဖြစ်နိုင်။

==========

အပေါ်ကဟာက VPN မခံထားတဲ့ အခြေအနေ။ VPN ခံထားရင် ဘယ်လိုဆက်ဖြစ်မလဲ။

Proxy server
သူကနေတဆင့် အင်တာနက်ကို ချိတ်ပေးနိုင်တဲ့ ဆာဗာ။

ဥပမာ facebook ကို ပိတ်ထားတယ် ဆိုပါစို့။ gateway ကနေ facebook ကိုသွားတဲ့ဟာတွေမှန်သမျှ ဖြတ်ချနေတာ။ ကြည့်မရဘူးပေါ့။

facebook ကို တိုက်ရိုက်မသွားဘဲ proxy ကြားခံလိုက်ရင် အဆင်ပြေသွားရော။ ဒါက facebook ကို သွားတာမှန်း မသိတော့ဘူး။ တခြားနေရာ သွားတယ်ဆိုပြီး လွှတ်ပေးလိုက်ရော။ ပြီး proxy ကနေ facebook ကိုသွား။ ပြန်လာရင်လည်း အဲ့ဒီအတိုင်းပြန်လာ။ facebook သုံးလို့ ရတာပေါ့။

VPN
သူကျ တဆင့်မြင့်သွားပြီ။ ခုနကလို ကြားခံပေးတာပဲ။ အဲ့ဒီအပြင် ကြားထဲက ဒေတာတွေကို encrypt ထပ်လုပ်ပေးတယ်။ အစကတည်းက SSL/TLS နဲ့ encrypt လုပ်ထားပြီးသားနော်။ အဲ့ဒီဒေတာကို ထပ်ပြီး encrypt လုပ်တာ။

VPN ခံသုံးတဲ့အခါ ကိုယ့်ရဲ့ public ip က တခြားနိုင်ငံအနေနဲ့ပေါ်တယ်။ VPN server က တဆင့်ခံ ချိတ်ဆက်ပေးနေတာကိုး။

VPN မခံတာတောင် ကြားထဲက ခိုးကြည့်လို့မရတာဆိုတော့ VPN ခံထားရင် ပိုဆိုးတာပေါ့။ ဒါ့အပြင် ကိုယ်က သူခိုး VPN ကိုမှ သုံးမိလျက်သား ဖြစ်နေရင်တောင် သူတို့တွေ့မှာ encrypt လုပ်ထားတဲ့ ဒေတာတွေပဲ။ စိတ်ချနေရတုန်းပဲ။

==========

DNS (Domain Name Service)
လူတွေက ip address တွေကို ဘယ်မှတ်နိုင်မလဲ။ အဲ့ဒီအစား domain name တွေကို မှတ်ကြတယ်။ ဥပမာ google.com ပေါ့။ google.com ဆိုတာ ip 172.217.194.113 လို့ ပြောင်းပေးအောင်က DNS က လုပ်ပေးတယ်။ ကွန်ပျူတာတွေ ဖုန်းတွေကျ ip ပဲ သိတယ်လေ။

DNS poisoning
တိုက်ခိုက်နည်း တမျိုးပဲ။ ဥပမာ google.com ရဲ့ ip ကို ပြောပေးပါဆိုရင် ကြားထဲက မသမာသူက တခြား ip တခုကို ပြောပေးလိုက်တာမျိုး။ အဲ့ဒီ ip အတိုင်းသွားတော့ google ဆီ မရောက်ဘဲ သူခိုး server ဆီ ရောက်သွားတာမျိုး။ (SSL/TLS မှာတော့ အဲ့ဒီလို လုပ်လို့မရအောင် ပါပြီးသားပါ။)

DNS over TLS
တခါတလေ domain name ကို ip ပြောင်းမရအောင်လုပ်ပြီး ပိတ်ထားတတ်တယ်။ facebook ရဲ့ ip လေးပြောပေးပါဆိုရင် မသိဘူးလုပ်တာမျိုး။ facebook သုံးလို့ မရတော့ဘူးပေါ့။ အဲ့ဒီလိုလုပ်ထားရင် ကျော်လို့ရအာင် နောက်ပြီး အပေါ်ကပြောခဲ့သလို poisoning လုပ်မရအောင် TLS ပေါ်ကနေ လှမ်းခေါ်လို့ရတယ်။ အခု 1.1.1.1 က လုပ်ပေးနေတာ အဲ့ဒါလည်း ပါတယ်။

1.1.1.1 WARP ဆိုတာကျ အဲ့ဒီအပြင် သွားတဲ့ ဒေတာကိုပါ သူတို့ဆာဗာကနေ သွားခိုင်းတယ်။ ဆိုတော့ VPN လိုမျိုးပဲ။ ဒါပေမယ့် VPN အစစ် မဟုတ်ပြန်ဘူး။ ဒါကြောင့် ကိုယ့်ရဲ့ public ip အမှန် သွားပေါ်နေတတ်တာ။

==========

ဆိုတော့ စိတ်ဖြောင့်ဖြောင့်သုံးပါ။ စိတ်ချရပါတယ်။

မသေချာရင် google ခေါက်ပါ။ how internet works တို့ how SSL/TSL works တို့ ခေါက်ကြည့် ဖတ်ကြည့်ပါ။

အဲ့ဒီထက် စိတ်ပါဝင်စားရင် ကိုယ့်ဘာသာကိုယ် hack ဖို့ ကြိုးစားကြည့်ပါ။ ကိုယ့်အိမ်ထဲမှာပဲ proxy server ထိုင်။ ဖြတ်သွားသမျှ ဒေတာတွေ အကုန်ဖမ်း။ ပြန်ဖော်ကြည့်ပါ။ ဘယ်လောက်အထိ ခက်ခဲတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကွန်ပျူတာတလုံးနဲ့ လေ့လာချင်စိတ်ရှိရင် လုပ်လို့ရပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတော့ အတော်အန္တရာယ် များပါတယ်။ SSL/TSL ကို သိပ်မသုံးကြသေးပါဘူး။ facebook ဆိုလည်း http နဲ့ပဲ သွားလို့ရနေတုန်းပါ။ session key ခိုးပြီး တခြားသူတွေ အကောင့်ထဲ ဝင်ကြည့်လို့ ရခဲ့ပါတယ်။ အခုကတော့ ၂၀၂၃ ရောက်နေပါပြီ။
spacer

မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ

..........

ကုဋေ ပြီးရင် ဘာလာလဲ။

ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။

ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော် -
ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ ကောဋိပကောဋိ ၊ နဟုတံ ၊ နိန္နဟုတံ ၊ အက္ခေဘိဏီ ၊ဗိန္ဒု ၊ အဗ္ဗုဒ ၊ နိရဗ္ဗုဒ ၊ အဗဗ ၊ အဋဋ ၊ သောကန္ဓိက ၊ ဥပ္ပလ ၊ ကုမုဒ ၊ ပဒုမ ၊ ပုဏ္ဍရိက ၊ ကထာန ၊ မဟာကထာန ၊ အသင်္ချေ ဆိုပြီးရှိပါတယ်။

ခု ကနေ ကုဋေ အထိကို သုည တစ်လုံးစီတိုးခြင်းဖြင့် သွားပါတယ်။

ဆယ် = 10

ရာ = 100

ထောင် = 1000

သောင်း = 10000

သိန်း = 100000

သန်း = 1000000

ကုဋေ = 10000000 ဆိုပြီး သုညတစ်လုံးစီ တိုးခြင်းဖြင့် အစဉ်လိုက်သွားပါတယ်။

ကုဋေပြီးလို့ ကောဋိ ကနေ အသင်္ချေ အထိက အဆင့်တစ်ခုတက်တိုင်း သုည (၇) လုံးစီ တိုးရပါတယ်။

ကောဋိ = 1 × 10^14

ပေကာဋိ = 1 × 10^21

ကောဋိပကောဋိ = 1 × 10^28

နဟုတံ = 1 × 10^35

နိန်နဟုတံ = 1 × 10^42

အက်ခဘေိဏီ = 1 × 10^49

ဗိန္ဒု = 1 × 10^56

အဗ္ဗုဒ = 1 × 10^63

နိရဗ္ဗုဒ = 1 × 10^70

အဗဗ = 1 × 10^77

အဋဋ = 1 × 10^84

သောကန္ဓိက = 1 × 10^91

ဥပ်ပလ = 1 × 10^98

ကုမုဒ = 1 × 10^105

ပဒုမ = 1 × 10^112

ပုဏ္ဍရိက = 1 × 10^119

ကထာန = 1 × 10^126

မဟာကထာန = 1 × 10^133

အသေင်္ခ်ျ = 1 × 10^140

ဆိုပြီး အဆင့်တစ်ဆင့်တက်တိုင်း သုည (၇) လုံးစီတိုးပြီး တက်ရပါတယ်။ ဒါကြောင့် တစ်အသင်္ချေဆိုရင် တန်ဖိုးအားဖြင့် 1 × 10^140 ( ၁ ရဲ့နောက်မှာ သုည အလုံး ၁၄၀ ) နဲ့ ညီမျှပါတယ်။

သင်္ချေကြီး (၈)မျိုး

(1) သတကောဋိ = ကုဋေတစ်ရာ 1 နောက်မှ သုည 9 လုံးရှိသောအရေအတွက်။

(2) ပကောဋိ = 1 နောက်မှ သုည 14 လုံး ရှိသောအရေအတွက်။

(3) ကောဋိပ္ပကောဋိ = 1 နောက်မှ သုည 21 လုံးရှိသောအရေအတွက်။

(4) နဟုတ = 1 နောက်မှ သုည 28 လုံးရှိသောအရေအတွက်။

(5) နိန္နဟုတ = 1 နောက်မှ သုည 35 လုံးရှိသောအရေအတွက်။

(6) နိရဗ္ဗုဒ = 1 နောက်မှ သုည 36 လုံးရှိသောအရေအတွက်။

(7) အက္ခောဘိဏီ = 1 နောက်မှ သုည 42 လုံးရှိသောအရေတွက်။

(8) အသင်္ချေယျ = 1 နောက်မှ သုည 140 လုံးရှိသော အရေအတွက်။ခရစ်ဒစ်

အသင်္ချေ ရေတွက်ပုံ

ဗုဒ္ဓဘာသာတို့အနေဖြင့် လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ဟူသော စကားကို လူတိုင်းကြားဖူး၍ နားလည်းယဉ်နေလောက်ပေ၏။ သို့သော် အဓိပ္ပါယ်ကိုကား နားမလည်သူက များ၏။ အဓိက နားမလည်နိုင်သော စကားလုံးမှာ အသင်္ချေ သို့မဟုတ် အသင်္ချေယျ ဟူသော စကားပင် အဓိက ဖြစ်၏။ သို့အတွက် အသင်္ချေ ၏ အဓိပ္ပါယ် သို့မဟုတ် ၎င်း၏တန်ဖိုးကို တွက်ပြပါအံ့။

တစ်အသင်္ချေ ဆိုသည်မှာ တစ်နောက် သုညအလုံးပေါင်း ၁၄၀ ရှိသည်ဟု ဦးစွာ မှတ်သားထားစေလိုပါ၏။ အဘယ့်ကြောင့် ၁၄၀ ရှိရသနည်း။ တွက်ပြပေးပါမည်။ လက်တွေ့ ရေတွက်ကြည့်ကြပါစို့။

“ ခု၊ ဆယ်၊ ရာ၊ ထောင် ” မှ စ၍ “ အသင်္ချေယျ ” ထိအောင် ရေတွက်ပုံုံကို အရင်သိရာ၏။ ၎င်းကို အစဉ်လိုက် ရေတွက်သော် “ ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သိန်း၊ သန်း၊ ကုဋေ၊ကောဋိ၊ ပကောဋိ၊ ကောဋိပကောဋိ၊ နဟုတံ၊ နိန္နဟုတံ၊ အက္ခေဘိဏီ၊ ဗိန္ဒု၊ အဗ္ဗုဒ၊ နိရဗ္ဗုဒ၊ အဗဗ၊ အဋဋ၊ သောကန္ဓိက၊ ဥပ္ပလ၊ ကုမုဒ၊ ပဒုမ၊ ပုဏ္ဍရိက၊ ကထာန၊ မဟာကထာန၊ အသင်္ချေယျ ” ( ၂၇ လုံး ရှိ၏ )

ဟူ၍ အစဉ်အတိုင်း ရေတွက်ရ၏။

ရေတွက်ပုံမှာ ခု မှ ကုဋေ အထိကို သုည ၁ လုံးစီသာ တိုးရာ၏။ ဥပမာ

၁ = တစ်ခု

၁၀ = တစ်ဆယ်

၁၀၀ = တစ်ရာ

၁၀၀၀ = တစ်ထောင်

၁၀၀၀၀ = တစ်သောင်း

၁၀၀၀၀၀ = တစ်သိန်း

၁၀၀၀၀၀၀ = တစ်သန်း

၁၀၀၀၀၀၀၀ = တစ်ကုဋေဤလောက်ထိ အားလုံးနားလည်ပြီးသား ဖြစ်၏။ သို့သော် ကောတိ မှစ၍ ရေတွက်ပုံကိုမူ အလှမ်းဝေးကြ၏။ ရေတွက်ပုံမှာ ကောဋိ မှ အသင်္ချေယျ ထိကိုမူ သုည ၇ လုံးစီ တိုးရာ၏။

ဥပမာ

၁၀၀၀၀၀၀၀ =တစ် ကုဋေ

၁၀၀၀၀၀၀၀,၀ =ဆယ်ကုဋေ (သုညတစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀ =ကုဋေတစ်ရာ( ။ နှစ်လုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀ =ကုဋေတစ်ထောင် ( ။သုံးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀ =ကုဋေတစ်သောင်း(။လေးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀ =ကုဋေတစ်သိန်း(။ငါးလုံးတိုး)

၁၀၀၀၀၀၀၀,၀၀၀၀၀၀ =ကုဋေတစ်သန်း(။ခြောက်လုံးတိုး

၁၀၀၀၀၀၀၀,၀၀၀၀၀၀၀ =တစ်ကောဋိ (။ခုနစ်လုံးတိုး)

စသဖြင့် ကောဋိ မှ ပကောဋိ သို့လည်း ဤနည်းအတိုင်း သုညခုနစ်လုံး ကပ်ပေးခြင်းဖြင့် ရေတွက်၏။ ဥပမာ

တစ်ကောဋိကို သုည

တစ်လုံး ကပ်သော် ဆယ်ကောဋိ

နှစ်လုံးကပ်သော် ကောဋိတစ်ရာ ( နားလည်ပါအဲ့ )

သုံးလုံးကပ်သော် ကောဋိတစ်ထောင်

လေးလုံးကပ်သော် ကောဋိတစ်သောင်း

ငါးလုံးကပ်သော် ကောဋိတစ်သိန်း

ခြောက်လုံးကပ်သော် ကောဋိတစ်သန်း

ခုနစ်လုံးကပ်သော် ပကောဋိ (နားလည်ပါအံ့)

ဤနည်းအတိုင်း ပကောဋိ မှ ကောဋိပကောဋိ၊ ကောဋိပကောဋိ မှ နဟုတံ စသဖြင့် နောက်ဆုံး ၂၇ ကြိမ်မြောက် အသင်္ချေယျ အထိ ဤနည်းအတိုင်း သုညတစ်လုံးလုံးချင်းစီ ကပ်ပေးလာ၍ ခုနစ်လုံးမြှောက်သော် နောက်တန်ဖိုး ပြောင်းပေးရ၏။

ဤနည်းအတိုင်း ရေတွက်လာသော် အသင်္ချယျ သို့ရောက်သော် သုည အလုံးပေါင်း ၁၄၀ ရှိသည်ကို တွေရမည် ဖြစ်၏။ ထို့ကြောင့် တစ်သင်္ချေယျ၏ အရေအတွက်သည် တစ်နောက် သုညအလုံးပေါင်း (၁၄၀) ရှိသည်ဟု ဆိုခြင်းဖြစ်၏။

ထိုကြောင့် အသင်္ချေယျ ၏ တန်ဖိုးအရေအတွက်မှာ လွန်စွာများပြားလှတော့၏။ အသင်္ချေယျ ၏ တန်ဖိုးများပြားပုံကို နမူနာသာဓက တစ်ခု ပြထား၏။

ဦးစွာ ဝါးအလုံးပေါင်း ၆၀ ကို စည်းထား၏။ ထို အလုံး ၆၀ ပါသော ဝါးစည်းကို ခါးမှ အပိုင်းပေါင်း ၆၀ ပိုင်းဖြတ်မည်ဖြစ်၏။ ထိုသို့ ပိုင်းဖြတ်ပြီး၍ ရသော အစည်းပိုင်းတို ၆၀ ကို ခရီးလမ်းဆုံ လမ်းမအလယ်မှာ ထား.ထား၏။

ထိုဝါးအစည်းပုံအား ဆင်၊ မြင်း၊ ရထား၊ စစ်သည် ဗိုလ်ပါ ရဲမက်အပေါင်းများက ထောင်းထောင်း ညက်ညက်ကြေအောင် နင်းချေဖြတ်ဆီးသွားသောအခါ ထိုဝါးအစည်းပုံသည် မှုန့်မှုန့်ညက်ညက် ကြေသွား၏။

ထိုဝါးပုံမှ ကြေညက်သွားသော ဝါးမှုန်များကို ရေတွက်သော် ၁၄ ခု မြှောက်သော အက္ခေဘိဏီ မျှသာ ရှိသေးသည်ဟု ဆို၏။
spacer

မြန်မာ့မြို့ရွာ ဒေသများ၏ ရှေးဟောင်းအမည်များ

🇲🇲________________________________
ကန္တာရ၀တီ........... ကယား
ကမ္ဘောဇ .............  ရှမ်း
ကုသိနာဂရ .......... ပုသိမ်
ကေတုမတီ .......... တောင်ငူ
ကေလာသ ........... တောင်၊ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ............  ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်

ခေမရဋ္ဌ ......... ကျိုင်းတုံ
ခေါသန္တီ ......... မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ .........  ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ............ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ .... စလင်းအနောက်ဘက်
စိနရဋ္ဌ ..........  ကချင်ပြည်နယ်

စန္ဒပူရ ................  မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ............  သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ........... တောင်ငူနယ်
ဇေယျပူရ ............ စစ်ကိုင်း
ဇောတိနုဂရ ......... ကျိုင်း ဟုံ ကြီး စိ စွမ် ပန္နား လူ {၁၂} နယ်
တတ္ထဒေသ ...........ခန်းခြောက်မြေ၊ ပုဂံနယ်

တမ္ပဒီပ ......................  ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ....................  မြောက်ဦး
ဒုတ္ထ၀တီ/ဒုဋ္ဌဝတီ ......... မြစ်ငယ်
ဒွာရာဝတီ .................... သံတွဲ
နဂရာဇာ ....................  နဂရစ်
ပဉ္စာလရာဇ် ................. တကောင်း

ပဌမနဂရ .............  မကွေးတောင်ဘက်
ပေါက္ကရ၀တီ .......... ရန်ကုန်
မဟာနဂရ ............. မွန်ငယ်
မစ္ဆဂီရိ .................. ချင်းတောင်တန်း
မေဃဝတီ ............. မာန်အောင်
မထိလာ...............  မိတ်ထီလာ

ယက်ခပုရ ............ သထုံ
ယောနက ........... ယော
ရတနပုရ ............ အင်းဝ
ရတနာတင်းတိမ်... တောင်တွင်းကြီး
ရတနာပုံ ............. မန္တလေး
ရာဇဂြီဟ ........... ကလေးအနီး

ရာမညဒေဝ .......... မွန်ပြည်နယ်
ရမ္မာဝတီ .............. ရမ်းဗြဲ
ရတနာသိင်္ခ/ရတနာသိင်္ဃ ......... ရွှေဘို
ဝေဘာရာ ဝေပုလ္လ ..................  ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ .............................. မြောက်ဦးအနီး
ဝိမဏု ................................... ဗိဿနိုး၊
                                                  တောင်တွင်းကြီးအရှေ့

သလ္လဝတီ ............ချင်းတွင်းမြစ်
သာကေတ ......... ရန်ကုန်
သာဂရ ............... ဆွာအနီး
သာယာဝတီ ........ သုံးဆယ်အနီး
သိရီခေတ္တရာ ...... မော်ဇာ
သိရီပစ္စရာ ...........ပုဂံအနီး

သိင်္ဂုတ္တရ ............ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ...........ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ...........သထုံ
သုဝဏ္ဏဘူမိ .........တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာရ .......တကောင်း
ဟရိပုဉ္စ .............. မွန်ပြည်နယ်/ ထိုင်း

ဟံသာဝတီ .......... ပဲခူး
အမရပူရ ............ တောင်မြို့
အရိမဒ္ဒနပူရ......... ပုဂံ
အသီတဉ္စန ...........ရန်ကုန်
အလ္လကပ္ပ ............ စစ်ကိုင်းအနီး
အာဠဝတီ ............ မြစ်ကြီး
သွရိဿ .............. ပဲခူး
ဥက္ကလာပ ............ ရန်ကုန် တို့ဖြစ်သည်။
spacer

မော်တော်ယာဉ်တွေမှာပါတဲ့အချက်ပြမီးများ၏အဓိပ္ပါယ်အသီးသီး

မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ် 


၁။ ကလပ်နင်းချိန် ပြသော အချက်ပြမီး
၂။ ဘရိတ်နင်းချိန်ပြသော အချက်ပြမီး
၃။ စတီရာရင် လော့ချအချက်ပြမီး
၄။ မီးကြီးထိုး အချက်ပြမီး
၅။ တာယာ လေပေါင် ဖိအားနည်း အချက်ပြမီး
၆။ ဘေးမီးဖွင့် အချက်ပြမီး
၇။ မီးကြီး၊တွဲမီး၊Signalမီးသီး ပြသနာရှိ အချက်ပြမီး
၈။ ဘရိတ်မီး ပြသနာရှိ အချက်ပြမီး
၉။ နှင်းတောမောင်းနှင် အချက်ပြမီး
၁၀။ ထူးခြားသတင်း အချက်အလက် အချက်ပြမီး
၁၁။ ဒီဇယ် အပူပေး အချက်ပြမီး
၁၂။ ရေခဲမှတ်  အချက်ပြမီး
၁၃။ စက်နိုးခြင်း ပြသနာရှိ အချက်ပြမီး
၁၄။ ကားထဲ သော့ မရှိ အချက်ပြမီး
၁၅။ သော့ထဲက ဓာတ်ခဲ အားနည်း အချက်ပြမီး
၁၆။ ရှေ့ကားနဲ့ နီး အန္တရာယ်ရှိ အချက်ပြမီး
၁၇။ ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် အချက်ပြမီး
၁၈။ မီးကြီးချိန် အချက်ပြမီး
၁၉။ မီးကြီးချိန် ထောင့်ချိုးချိန်ညှိ အချက်ပြမီး
၂၀။ ကားနောက် စပွိုင်လာ-အမှီး ပြသနာရှိ အချက်ပြမီး
၂၁။ အမိုးဖွင့် ပိတ် ပြသနာရှိ အချက်ပြမီး
၂၂။ ရှေ့ လေအိတ် ပိတ် အချက်ပြမီး
၂၃။ လက်ဆွဲ ဘရိတ် အချက်ပြမီး
၂၄။ ရှေ့ နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၅။ ပါဝါ စတီရာရင်(steering) စနစ် ပြသနာရှိ
        အချက်ပြမီး
၂၆။ နောက် နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၇။ ဝိုက်ဘာရေနည်း အချက်ပြမီး
၂၈။ ဘရိတ်ရှူးပြားပါး အချက်ပြမီး
၂၉။ လီဘာနင်းရန် မလို အရှိန်ထိန်း အချက်ပြမီး
၃၀။ ဘယ်/ညာ အချက်ပြမီး
၃၁။ အလင်းနှင့် မိုး အာရုံခံ ဆင်ဆာ ပြသနာရှိ အချက်ပြမီး
၃၂။ ဆီfilter ရေရှိ အချက်ပြမီး
၃၃။ လေအိတ်ပိတ် အချက်ပြမီး
၃၄။ စက် သို့ လျှပ်စစ် ပြသနာရှိ အချက်ပြမီး
၃၅။ မီးကြီးချ အချက်ပြမီး
၃၆။ လေစစ် လဲရန် အချက်ပြမီး
၃၇ ။ ပါကင်ထိုးအာရုံခံ အချက်ပြမီး
၃၈။ ဒီဇယ် - PDF filter ပြသနာရှိ အချက်ပြမီး
၃၉။ နောက်တွဲ ချိတ် ပလပ်လွတ် အချက်ပြမီး
၄၀။ ကားအောက်ပိုင်း လေအိတ် ပြသနာရှိ အချက်ပြမီး
၄၁။ လမ်း အချက်ပြ ထောက်ပံ့ စနစ် အချက်ပြမီး
၄၂။ အိတ်ဇော ခဲမှတ် ပြသနာရှိ အချက်ပြမီး
၄၃။ ထိုင်ခုံ ခါးပတ် အချက်ပြမီး
၄၄။ ပါကင်ထိုး အချက်ပြမီး
၄၅။ ဘက်ထရီ charging ပြသနာရှိ အချက်ပြမီး
၄၆။ ဆီစားနည်း  အချက်ပြမီး
၄၇။ ကုန်းဆင်း ထောက်ပံ့ အချက်ပြမီး
၄၈၊ အင်ဂျင် အပူလွန်ကဲ အချက်ပြမီး
၄၉။ Anti-log brake စနစ် ပြသနာရှိ အချက်ပြမီး
၅၀။ လောင်စာဆီစစ် ပိတ် အချက်ပြမီး
၅၁။ တံခါးဖွင့် အချက်ပြမီး
၅၂။ ရှေ့ဘောနပ်ဖွင့် အချက်ပြမီး
၅၃။ ဆီ ဖြည့်ရန်လိုအပ်သော အချက်ပြမီး
၅၄။ အော်တို ဂီယာဘောက်စ် ပြသနာရှိ အချက်ပြမီး
၅၅။ အရှိန်ထိန်းချုပ်ခြင်း အချက်ပြမီး
၅၆။ ကားအောက်ပိုင်း ပြသနာရှိ အချက်ပြမီး
၅၇။ ရှေ့ မှန် လေပေး အချက်ပြမီး
၅၈။ ကားတည်ငြိမ်မှုထိန်း အချက်ပြမီး
၅၉။ နောက်တံခါးဖွင့် အချက်ပြမီး
၆၀။ အင်ဂျင်ဝိုင် ဖိအားနည်း အချက်ပြမီး
၆၁။ အော်တို Wiper အချက်ပြမီး
၆၂။ အင်ဂျင် ပြသနာရှိ အချက်ပြမီး
၆၃။ မိုးရေ အာရုံခံ အချက်ပြမီး
၆၄။ နောက်မှန်လေပေး အချက်ပြမီး

#credit
#Vehicle_Like_Myanmar 
#Check_Lamp
#အချက်ပြမီး
spacer

Pytube

from pytube import YouTube
link = input("Enter URL of Video")
video = YouTube(link)
stream = video.streams.get_highest_resolution()
stream.download()
spacer

သမ္မာကျမ်းစာပါ မိန်းကလေးအမည် 100 နှင့် မူရင်း အဓိပ္ပါယ်များ

အဘိဂဲလမှ ဇိပေါရအထိ

1.
. Abigailအဘိဂဲလ  (ဟေဗြဲ)  ၁ ဓမ္မရာဇဝင် ၂၅:၃   အဘ၏ရွှင်လန်းမှု။

2.Abihailအဘိဟေလ  (ဟေဗြဲ) ၁ ရာဇဝင်ချုပ် 2:29  အဘသည် ခွန်အား ဖြစ်တော်မူ၏ ။

3.Abishai  အဘိရှဲ  (ဟေဗြဲ)  ၁ ဓမ္မရာဇဝင် ၂၆:၆   ငါ့အဘ၏လက်ဆောင်။

4. Adahအာဒါ  (ဟေဗြဲ)  ကမ္ဘာဦး ၄:၁၉   အသင်းတော်တစ်ခု။

5. အဒိန  Adina  (ဟေဗြဲ)  ၁ ရာဇဝင်ချုပ် ၁၁:၄၂   တန်ဆာဆင်သည်။ တုန်လှုပ်ချောက်ချားသော; သပ်ရပ်သော။ 

6. အဒြေလ Adriel  (ဟေဗြဲ)  ၁ ဓမ္မရာဇဝင် ၁၈:၁၉   ဘုရားသခင်၏ သိုးစု။

7..
Anna အ  န္န  (ဂရိ၊ ဟေဗြဲဘာသာ)လုကာ 2:36   ကြင်နာတတ်သော၊ ပေးတဲ့သူ။

8.အရေလAriel
Ariel  (ဟေဗြဲ)  ဧဇရ ၈:၁၆   ယဇ်ပလ္လင်; ဘုရားသခင်၏အလင်း သို့မဟုတ် ခြင်္သေ့။

9..Artemis
အာတေမိ  (ဂရိ)  တမန် ၁၉:၂၄   အသံ၊

10.Atarah
အတရ  (ဟေဗြဲ)  ၁ ရာဇဝင်ချုပ် ၂:၂၆   သရဖူ။

11. Bathsheba
ဗာသရှေဘ  (ဟေဗြဲ)  ၂ ဓမ္မရာဇဝင် ၁၁:၃   သတ္တမမြောက်သမီး၊ ကျေနပ်ခြင်း၏သမီး။

12.

ဗေရနိတ် Bernice  (ဂရိ)  တမန် 25:13   အောင်ပွဲခံသည်။သီချင်းဆိုရာအိမ်၊

13.Bethany

ဗေသနိ  (ဟေဗြဲ)  မဿဲ ၂၁:၁၇    ဆင်းရဲခြင်းအိမ်၊

14.Bethel

ဗေသလ  (ဟေဗြဲ)  ကမ္ဘာဦး ၁၂:၈   ဘုရားသခင်၏အိမ်တော်။

15. Angel အိန်ဂျယ်  (ဂရိ)  ကမ္ဘာဦး ၁၆:၇   ကောင်းကင်တမန်။
အသက်ကြီးသည်ဖြစ်စေ၊

16.
Bilhah
ဗိလဟာ  (ဟေဗြဲ)  ကမ္ဘာဦး ၂၉:၂၉   

17.

ကာလ Calah  (ဟေဗြဲ)  ကမ္ဘာဦး ၁၀:၁၁၁၂   နှစ်သက်ဖွယ်ကောင်းသော၊ အခွင့်အလမ်း။ 

18ကာမုန်

Camon  (လက်တင်)  တရားသူကြီး 10:5   ရှင်ပြန်ထမြောက်ခြင်း

19.ဂုဏ်ကျက်သရေရှိသူ။
ကန္ဒက် Candace  (အီသီယိုးပီးယား)  တမန်တော် 8:27   

20.
ကရေမေလ Carmel  (ဟေဗြဲ)  Joshua 12:22   အရေဖျားလှီးထားသောသိုးသငယ်; စပါးရိတ်ရာကာလ; စပါးနှံတွေအပြည့်။

21.
ခလောဣ
Chloe  (ဂရိ)  ၁ ကောရိန္သု ၁:၁၁   အစိမ်းရောင်ဆေးဖက်ဝင်အပင်။

22.

Claudia 
ကလောဒိ  (လက်တင်)  ၂ တိမောသေ ၄:၂၁   ခြေဆွံ့ခြင်း။

23.
Clement 
ကလေမင်  (ဂရိ)  ဖိလိပ္ပိ ၄:၃   အပျော့စား; ကောင်းသည်; ကရုဏာ။

24..
ကလောဖ
Cleophas  (လက်တင်) လုကာ 24:18  ဘုန်းအသရေ။.
 
25.
ဒမာရိ 
Damaris  (ဂရိ၊ လက်တင်)  တမန် ၁၇:၃၄   အမျိုးသမီးငယ်။

26.Daniel 
ဒံယေလ  (ဟေဗြဲ)  ၁ ရာဇဝင်ချုပ် ၃:၁   ဘုရားသခင်၏ တရားစီရင်ခြင်း၊ ဘုရားသခင်သည် ကြှနျုပျ၏တရားသူကွီး၊

27.Deborah
ဒေဗောရ  (ဟေဗြဲ)  တရားသူကြီး ၄:၄   ပျား။

28Delilah
ဒေလိလ  (ဟေဗြဲ)  တရားသူကြီး ၁၆:၄   ဆင်းရဲခြင်း ၊  

29..
ဒိုင်ယာနာ  (လက်တင်)  တမန်တော် ၁၉:၂၇   တောက်ပပြီး ပြီးပြည့်စုံသည်။

30.Diana
ဒိန  (ဟေဗြဲ)  ကမ္ဘာဦး ၃၀:၂၁   တရားစီရင်ခြင်း၊ ဘယ်သူက တရားသူကြီးလဲ။

31
ဒေါ်ကာ Drcas  (ဂရိ)  တမန် ၉း၃၆   သမင်မသမင်။
32.
ဒြုသိလ
Drusilla  (လက်တင်)  တမန်တော် 24:24   နှင်းရည်ဖြင့် ရေလောင်းသည်။

33.Eden
ဧဒင်  (ဟေဗြဲ)  ကမ္ဘာဦး 2:8   ပျော်ရွှင်မှု; ပီတိ

34.
Elisha
ဧလိရှဲ  (လက်တင်)  လုကာ ၁:၅   ဘုရားသခင်၏ ကယ်တင်ခြင်း

35.Elizabeth
ဧလိရှဗက်  (ဟေဗြဲ)  လုကာ ၁:၅   ဘုရားသခင်၏ ကျိန်ဆိုခြင်း၊ သို့မဟုတ် ငါ့ဘုရားသခင်၏ကတိတော်

36.Esther
ဧသတာ  (ဟေဗြဲ)  ဧသတာ ၂:၇   လျှို့ဝှက်ချက်၊ ဝှက်ထားသည်။

37.
ဉနိတ်
Eunice  (ဂရိ)  ၂ တိမောသေ ၁:၅   ကောင်းသောအောင်ပွဲ။

38.
Eve
ဧဝ  (ဟေဗြဲ)  ကမ္ဘာဦး ၃:၂၀   အသက်ရှင်ခြင်း၊ အသက်ရှင်သောသူမအပေါင်းတို့၏မိခင် 

39.
ဂါဗြေလ
Gabriela  (Hebrew)  Daniel 9:21   ဘုရားသခင်သည် ကြှနျုပျ၏  ခွန်အား ဖြစ်တော်မူ၏ ။

40.
ကျေးဇူးတော် Grace ဂရေ့   (လက်တင်)  သုတ္တံကျမ်း ၃:၃၄   မျက်နှာသာပေးခြင်း၊ ကောင်းချီး

41.
ဟဒသ
Hadassah  (ဟေဗြဲ)  ဧသတာ 2:7   မုရတု၊ ပျော်ရွှင်မှု။

42.
Hagar
ဟာဂရ  (ဟေဗြဲ)  ကမ္ဘာဦး ၁၆:၁   သူစိမ်း၊ ကြောက်သောသူ။
ကြင်နာတတ်သော၊
43.
Hannah
ဟန္န  (ဟေဗြဲ)၁ ဓမ္မရာဇဝင် ၁:၂    ကရုဏာ၊ ပေးသောသူ။

44.
Honey ဟန်နီ    (အင်္ဂလိပ်ခေတ်)  ဆာလံ ၁၉:၁၀   ပန်းဝတ်ရည်။ပျားရည်

45.
Hope  (အင်္ဂလိပ်ခေတ်)ဆာလံ ၂၅:၂၁   မျှော်လင့်ခြင်း; 

46.

ယေလ  (ဟေဗြဲ)  တရားသူကြီး 4:17   တက်သွားသော သူ။
 .

နေ့ကဲ့သို့လှပသည်။
47.
ယေမိမ
Jemimah  (ဟေဗြဲ)  ယောဘ 42:14   

48.
ယောဟန္န - 
ဂျိုအန်နာ  (ဟေဗြဲ)  လုကာ ၈:၃   သခင်ဘုရား၏ ကျေးဇူးတော် သို့မဟုတ် ဆုကျေးဇူး။

49.
ယောခေဗက် 
Jochebed  (ဟေဗြဲ)  ထွက် မြောက်ရာ 6:20   ဘုန်းကြီး; ဂုဏ်ပြုသော။

50.
ဂျော်ဒန်  (ဟေဗြဲ)  ကမ္ဘာဦး ၁၃:၁၀   တရားစီရင်ရာမြစ်။

51.
Joy (ပြင်သစ်ဟောင်း၊ လက်တင်)  ဟေဗြဲ ၁:၉   ပျော်ရွှင်မှု။ဝမ်းမြောက် မှု့

52.
ယုဒ Judith  (ဟေဗြဲ)  ကမ္ဘာဦး 26:34   ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းခြင်း။

53.
ဂျူလီယာ  (လက်တင်)  ရောမ ၁၆:၁၅   နှိမ့်ချမှု၊ ပျော့ပျောင်းနူးညံ့သောဆံပင်။

54.

ကာမုန်
Kamon  (လက်တင်)  တရားသူကြီး 10:5   ရှင်ပြန်ထမြောက်ခြင်း

55.
ကတေုရ
Keturah  (ဟေဗြဲ)  ကမ္ဘာဦး ၂၅:၁   နံ့သာပေါင်း၊ မွှေးရနံ့။

56.
Leah
လေအာ  (ဟေဗြဲ)  ကမ္ဘာဦး ၂၉:၁၆   ပင်ပန်းခြင်း၊ ပင်ပန်းသည်။

57.
လိလီ 
Lillian  သို့မဟုတ်  Lily   (လက်တင်)  ရှောလမုန်သီချင်း 2:1   လှပသောပန်းပွင့်၊ အပြစ်ကင်းမှု; သန့်စင်မှု; အလှတရား။

58.
လောဣ
Lois  (ဂရိ)  ၂ တိမောသေ ၁:၅   ပိုကောင်းပါတယ်။

59.
Lydia လေဒီယာ ( သို့ ) လုဒိ  (ဂရိ)  တမန်တော် ၁၆:၁၄   မတ်တပ်ရပ်နေသော ရေကန်။

60.
မာဂဒလ 
Magdalene  (ဂရိ)  မဿဲ။ ၂၇း၅၆   မဂ္ဂဒလမြို့သား။

61.
Mara
မာရ  (ဟေဗြဲ)  ထွက်မြောက်ရာ 15:23   ခါးသော၊ ခါးသီးမှု။

62.
Martha
မာသ  (အာရမိတ်)  လုကာ ၁၀:၃၈   ခါးသီးသော၊ နှိုးဆော်သည်။
63.
Mary
မာရိ  (ဟေဗြဲ)  မဿဲ ၁:၁၆   ပုန်ကန်မှု၊ ခါးသီးသောပင်လယ်။
64.
Mercy မာစီ   (အင်္ဂလိပ်)  ကမ္ဘာဦး ၄၃:၁၄   ကရုဏာ၊ သည်းခံခြင်း။
65.
Merry   (အင်္ဂလိပ်)  ယောဘ ၂၁:၁၂   ရွှင်လန်းပြီး စိတ်ပေါ့ပါးသည်။

66.
Michal
မိခါလ  (ဟေဗြဲ)  ၁ ဓမ္မရာဇဝင် ၁၈:၂၀   မည်သူသည် စုံလင်သနည်း။ ဘယ်သူက ဘုရားသခင်နဲ့တူလဲ။

67.
Miriam
မိရိအံ  (ဟေဗြဲ)  ထွက် မြောက်ရာ ၁၅:၂၀   ပုန်ကန်ခြင်း။

68.
မိရှေလ 
Mishael  (Hebrew)  ထွက် မြောက်ရာ 6:22   တောင်းသော သို့မဟုတ် ချေးငှားခြင်းခံရသော။

69.
မုရ Myra  (ဂရိ)  တမန် 27:5   စီးဆင်းသည် ; သွန်းလောင်းသည်။ သို့မဟုတ်  ငိုပါ။

70.
Naomi
နောမိ  (ဟေဗြဲ)  Ruth 1:2   လှပသော၊ နှစ်သက်ဖွယ်

71.
Neriah
နေရိ  (ဟေဗြဲ)  ယေရမိ ၃၂:၁၂   အလင်း၊ ထာဝရဘုရား၏ မီးခွက်။

72.
Olive 
သံလွင်  (လက်တင်)  ကမ္ဘာဦး ၈:၁၁   အသီးအနှံများ၊ အလှအပ; ဂုဏ်သိက္ခာ။
73.
ဩဖရ Oprah (ဟေဗြဲ)  တရားသူကြီး ၆:၁၁   မြေမှုန့်၊ ခဲ; 

 74.
Orpah
အောရပ  (ဟေဗြဲ)  ရုသ ၁:၄   လည်ပင်း သို့မဟုတ် ဦးခေါင်းခွံ။
သေးငယ်သော၊

75.
ပေါလု Paul  (လက်တင်)  တမန်တော် ၁၃:၉    နည်းနည်း
76.
ဖိဗေ
Phoebe  (ဂရိ)  ရောမ။ 16:1   ထွန်းလင်းတောက်ပသည်။
78.
ပြစ်ကိလ
Prisca  (လက်တင်)  တမန်တော် ၁၈:၂   ရှေးခေတ်။

Priscilla  (လက်တင်)  တမန်တော် ၁၈:၂   ရှေးခေတ်။
79.
R

ရာခေလ Rachel   (ဟေဗြဲ)  ကမ္ဘာဦး ၂၉:၆   သိုး။
80.
ရေဗက္ကာ  (ဟေဗြဲ)  ကမ္ဘာဦး ၂၂:၂၃   ဆူ; ဆူအောင်ကျွေးသည်; ရန်ဖြစ်မှု ပြေသွားသည်။

ရေဗက္က Rebecca   (ဟေဗြဲ)  ကမ္ဘာဦး ၂၂:၂၃   ဆူ; ဆူအောင်ကျွေးသည်; ရန်ဖြစ်မှု ပြေသွားသည်။

81.
Rosy   (လက်တင်)  ရှောလမုန်သီချင်း 2:1   နှင်းဆီ။
82.
Ruby ပတ္တမြား  (အင်္ဂလိပ်)  ထွက်မြောက်ရာ ၂၈:၁၇   အနီရောင်ကျောက် မျက်ရတနာ။
83.
Ruth  (ဟေဗြဲ)  Ruth 1:4   သူငယ်ချင်း 

S

84.
ရှာဖိရေ
Sapphira  (အင်္ဂလိပ်)  တမန် ၅:၁   ဆက်စပ်သည် သို့မဟုတ် ပြောပြသည်။

85.
Sarah
စာရာ  (ဟေဗြဲ)  ကမ္ဘာဦး ၁၇:၁၅    မင်းသမီး; လူအများ၏မင်းသမီး။
86.
စာရဲ  (ဟေဗြဲ)  ကမ္ဘာဦး ၁၇:၁၅   ကြှနျုပျ၏အမြိုးသမီး၊ ငါ့မင်းသမီး။

87.
စေရ
Serah  (ဟေဗြဲ)  ကမ္ဘာဦး 46:17   မွှေးပျံ့သောအမျိုးသမီး၊ သီချင်း; မိုးသောက်ကြယ်။

88.Sharon
ရှာရွန်  (ဟေဗြဲ)  ၁ ရာဇဝင်ချုပ် ၅:၁၆   သူ၏လွင်ပြင်၊ သူ့သီချင်း။

89.Shiloh
ရှိလော  (ဟေဗြဲ)  ယောရှု ၁၈:၈   ငြိမ်သက်ခြင်း၊ ကြွယ်ဝမှု; သူ့လက်ဆောင်

90.Susan nar
ဆူဆန်နာ  (ဟေဗြဲ)  လုကာ ၈:၃   လီလီ; နှင်းဆီ; ပျော်ရွှင်မှု။


91
Tabitha
တဗိသ  (Aramaic)- တမန် ၉:၃၆   ပြတ်သားသောအမြင်၊ သမင်တစ်ကောင်။

92
Talitha
တာလိသ  (Aramaic)-မာကု ၅:၄၁   ကလေးမလေး၊ မိန်းမပျို။

93
Tamar
တာမာ  (ဟေဗြဲ)- ကမ္ဘာဦး ၃၈:၆   သံလွင်ပင်  သို့မဟုတ်  ထန်းပင်။

94
တာရ Terah  (ဟေဗြဲ)  တောလည်ရာ ၃၃:၂၇   အသက်ရှူရန်၊ ရနံ့ 

95.
Tirzah
တိရဇာ (ဟေဗြဲ)  တောလည်ရာ ၂၆:၃၃   ကြင်နာတတ်သော၊ တိုင်ကြားသူ; နှစ်သက်သော။

V

96
Victoria
ဗစ်တိုးရီးယား  (လက်တင်)  တရားဟောရာ။ 20:4   အောင်မြင်ခြင်း

97

ဇေမိရ Zemira  (ဟေဗြဲ)  ၁ ရာဇဝင်ချုပ် ၇:၈   သီချင်း၊ စပျစ်နွယ်ပင်

98
Zilpah
ဇိလပ  (ဟေဗြဲ)  ကမ္ဘာဦး ၂၉:၂၄   ပါးစပ်မှ ပေါင်းခံခြင်း။

99
Zina
ဇိဇ  (ဂရိ)  ၁ ရာဇဝင်ချုပ် ၂၃:၁၀   ထွန်းလင်းသည်။ 

100
Zipporah
ဇိပေါရ   (ဟေဗြဲ)  ထွက်မြောက်ရာ 2:21   လှပမှု၊ တံပိုး၊ 

နာမည် နှင့် အဓိပ္ပါယ် များမှာ အနည်းငယ်စီ ကွဲပြားခြားနားနိုင်သည်။
spacer

မြေဧကတွက်နည်း။

❖❖❖❖❖❖❖❖❖❖

၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ
၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ
၁ ဧက   =   ၄၃၅၆၀  စတုရန်းပေ

၁ ပေ(sqft)  = ၀.၀၉၂၉ Square metre
၁ မီတာ        =   ၃.၂၈၁  ပေ
၁ စတုရန်းမီတာ  =  ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ  =  ၂.၄၇၁ ဧက

Square Feet မှ ဧကပြောင်း
Sqft ÷ 43560 = (    ) ဧက
ဥပမာ 20000 Sqft ကို ဧကဖြင့် သိလိုလျှင်
20000 ÷ 43560  = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = (    ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုလျှင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ = ?
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့ အတိုင်းအတာ ယူနစ်များဟာ Imperial Units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး (၆၆ ပေ)
၁၀ သံကြိုး = ၁ ဖာလုံ (၆၆၀ ပေ)
၈ ဖာလုံ = ၁ မိုင် (၅၂၈၀ ပေ)

၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါသည်။

ထို့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ 
ဖြစ်ပါသည်။

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည် မြေကွက်ဟာ 
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါသည်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

spacer

🌻🌻

spacer